ဥာဏ်ပညာသည် အရေးကြီးဆုံး နှလုံးသည်းပွတ်
အို.. အမျိုးသားတို့ …. အသိအလိမ္မာ ဥာဏ်ပညာဟူသည်
အစစ်ဖြစ်စေ
အတုဖြစ်စေ
မိမိတွင်
ဓာတ်ခံရှိဖို့
အရေးကြီးလှပေသည်။
လူတို့
အသက်ရှင်ဖို့အရေးတွင်
နှလုံးသည်း
ပွတ်သည်
အရေးကြီးဆုံးဖြစ်သကဲ့သို့
လောကသံသရာ
နှစ်ဖြာ
ကြီးပွားရေးတွင်လည်း
ဥာဏ်ပညာသည်
အရေးကြီးဆုံး
နှလုံးသည်းပွတ်ပင်
ဖြစ်သည်။
ဒါန သီလ စသော
ပါရမီအားလုံး၏
အကျိုးကို
ဥာဏ်ပညာရှိသူသ
အဆုံးတိုင်
သိနိုင်ပြီး
ဥာဏ်ပညာကြောင့်သာ
ထိုပါရမီများ
ပြည့်ဝကြပေသည်။
လောကတွင်လည်း
အိမ်တွင်းရေး
ငြိမ်းချမ်းမှုသည်
သမီး
ခင်ပွန်းနှစ်ယောက်၏
အသိအလိမ္မာ
ဥာဏ်ပညာ
အပေါ်မှာ
တည်သည်မဟုတ်လော။
သားရေး သမီးရေး
စီးပွားရေး
ကြီပွားရေးတို့တွင်လည်း
ဥာဏ်ပညာရှိမှ
ဝီရိယ
အကျိုး
နားလည်ကာ
လုံ့လစိုက်မှ
သာသာယာယာ
ရှိစေနိုင်သည်။
ပရိသတ်ဗိုလ်ပုံတို့၏
အလယ်
မှာလည်း “ပညာရဲရင့်သူတို့သာ
ပွဲလယ်တင့်“ နိုင်ကြသည်။
ဘူးလုံးနားမထွင်း
အဖျင်း
အအ ပညာပိုင်းက
အောက်တန်းကျနေတို့မှာ
စည်းစိမ်ရှင်ပင်
ဖြစ်သော်လည်း
အထက်
တန်းသို့
မတက်လှမ်းနိုင်ကြပါ။
ကမ္ဘာကို လွမ်းမိုး၍
အုပ်စိုးနိုင်သော
သတ္တိမှာ
ပညာအရည်အချင်းသာ
ဖြစ်သည်။
ဓနရှင်
တို့မှာ
ထိုပညာရှင်တို့ကို
ကူညီကြသဖြင့်
ကြီးပွားရေး၌
ဝေစုရသူများသာ
ဖြစ်လေသည်။
အသေးအဖွဲ
ရန်ပွဲကလေးမှ
စ၍ တိုင်းနိုင်ငံခြင်း
စစ်ခင်သည်အထိ
ပညာရှိတို့ဘက်မှ
အောင်ပွဲရစမြဲ
ဖြစ်သည်။
ပညာတတ်နည်းသော
နိုင်ငံဟူသမျှသည်
အဖက်ဖက်က
အောက်တန်းကျရမည်မှာ
ဗေဒင်မေးနေစရာ
မလိုတော့ပါ။
ကျောင်းဆရာကြီးများကလည်း
နည်းကောင်းလမ်းညွှန်
များကို
ညွှန်ပြကြပါ။
ကျောင်းသူ
ကျောင်းသားတို့ကလည်း
စိတ်ပါလက်ပါ
ကြိုးစားကြပါ
လူကြီး
လူကောင်းနှင့်
သံဃာတော်
အပေါင်းကလည်း
ပညာရေး
တိုးတက်အောင်
အဖက်ဖက်က
အားပေးကြပါ။
No comments:
Post a Comment