Monday, November 19, 2012

မျိုးစေ့ကောင်း


ရဟန်းကျင့်ဝတ
မကောင်းအမှု တားမြစ်ပြု၍ ကောင်းမှုကိုကား ညွှန်းပြထား၏ ရွာသားနယ်သူ အားလုံးလူကို ကြည်ဖြူမေတ္တာ စောင့်ရှောက်ကာဖြင့် ဒေသနာအထူး မကြားဖူးလည်း ကြားဖူးအောင်ပြ ကြားပြီးကမူ ကျနသေချာ ကျင့်စေကာဖြင့် နောင်လာအကြောင်း ဂတိကောင်းဖို့ ထပ်လောင်းဟောဖွယ် ဤခြောက်သွယ်သည် ကျောင်းဝယ် ဘုန်တို့ကျင့် ၀တ်တည်း။
ဒါယကာ ဒါယိကာမတို့ကျင့်ဝတ်
ရဟန်းသံဃာ မြတ်ဆရာကို မေတ္တာမကင်း ပြု-ပြောခြင်းနှင့် စိတ်တွင်းမေတ္တာ ပို့လျက်သာတည်း တစ်ဖြာလှူဖွယ် ခံယူလွယ်အောင် အိမ်ဝယ်တံခါး ဖွင့်၍ထားသို့ ဖိတ်ကြားလိုရာ နံနက်ခါသော် ကြွလာဆွမ်းလှူ ဤငါးဆူသည် မှတ်ယူ ဒါယကာ ဒါယိကာမတို့ ကျင့်ဝတ်တည်း။
ဘုရားလမင်း တရားလင်း၍ ခပင်းရံကာ ကြယ်သံဃာဖြင့် လွန်စွာတင့်တယ် ငါ့စိတ်ဝယ် စံပယ် တည်ရှိသည်။
ဥပသကာ အကျဉ်း
ရတနာသုံးလီ ယုံကြည်သိ၍
ဆည်းကပ်မိတဲ့ ထိုသူဟာ
သရဏဂုံ တည်သူမှတ်လို့
ဥပသကာ ခေါ်အပ်စွာ
သီလငါးတန် စင်ဖြူဖွေးလို့
အသက်မွေးလည်း ကောင်းဖို့ရာ
အကျိုးနှင့်ကံ ဝေဖန်တတ်အောင်
တရားဖတ်ကြ မှတ်ကြပါ။
မျိုးစေ့ကောင်း
ခါးသောအမျိုး စိုက်ကြဲပျိုးလျှင် အကျိုးပြီးစီး အခါးသီးသို့ ကိုယ်လည်းစိတ်၌ အကုသိုလ်စိုက်သော် နောက်လိုက်အကျိုး မကောင်းဆိုးတည်း အချိုမျိုးစေ့ စိုက်ပျိုးလေ့က မရွေ့အပြီး အချိုသီးသို့ ထိုနည်းပုည စိုက်ပျိုးကမူ မုချမသွေ ကောင်းကျိုးဝေမည် ပျိုးစေလူပေါင်း မျိုးစေ့ကောင်း   (ဓမပဒ)

No comments:

Post a Comment