Thursday, March 17, 2016

“၂၁ရာစုအသဒိသဒါန”




အသဒိသဒါနဆိုတာ အတူမရှိသောဒါနလို့ အနက်အဓိပ္ဗါယ်ထွက်ရှိပါတယ်။ အတုမရှိတာ မဟုတ်ပါဘူး။ အတူမရှိတာပါ။ အတုဆိုတာကတော့ ဘယ်အရာနေနေ အတုတွေရှိနေတာ ပါပဲ။ နည်းပညာပစ္စည်းအတု၊ ပတ်စ်ပို့စ်အတု၊ နိုင်ငံသားအတု၊ ဒီမိုကရေစီအတု၊ ကျေးဇူး ရှင်အတု၊ အစိုးရအတု၊ စစ်သားအတု၊ ဘုန်းကြီးအတု၊ စီးပွားရေးသမားအတု၊ မီဒီယာအ တု၊ သတင်းသမားအတု၊ စားသောက်ကုန်အတု၊ ဆေးပစ္စည်းအတု၊ ပညာရှင်အတု၊ မိတ် ဆွေအတုစသဖြင့် အတုတွေကတော့ နယ်ပယ်စုံမှာ အတုတွေရှိပါတယ်။ အတုတွေနဲ့အ နေကြာလာတော့လည်း လူတွေဟာ အစစ်တွေကို အတုထင်ပြီးတော့ အတုတွေကို အစစ် ထင်နေကြပါတော့တယ်။ အတုတကာအတုတွေထဲမှာ ဘုန်းကြီးအတု၊ စစ်သားအတုနဲ့ အစိုးရအတုက နိုင်ငံတော်ကို ဆိုးကျိုးအပေးဆုံး၊ စိတ်ပျက်စရာအကောင်းဆုံးပဲဖြစ်ပါ တယ်။
အသဒိသဒါန-အတူမရှိဘူးဆိုတာက ဂုဏ်ရည်သတ္တိချင်းအတူမရှိဘူးလို့ ဆိုလိုတာဖြစ်ပါ တယ်။ အသဒိသဒါနဆိုတာက ပေဿနဒီကောသလမင်းကြီးကို အကြောင်းပြုပြီး တော့ ဖြစ်ပေါ်လာခဲ့တဲ့ စကားလုံးပဲဖြစ်ပါတယ်။ ပေဿနဒီကောသလမင်းဆိုတာက နံဘေးနှစ် ဖက်မှာမြစ်ရှိသော ကောသလတိုင်း၏အရှင်သခင်လို့ အဓိပ္ဗါယ်ရပါတယ်။ ကောသလမင်း ကြီးက အစားကြီးပြီး အင်မတန်မှကိုပဲ ၀လွန်းပါတယ်။ ကောသလမင်းကြီးရေချိုးပြီးတဲ့အခါ မှာ သူရဲ့ဗိုက်သားတစ်ပတ်လည်မှာ ရေစီးကြောင်းအဖြစ် ရေတွေတင်ကျန်နေတတ်ပါ တယ်။ ဒါကြောင့် လှောင်ပြောင်ပြီးတော့ ပေဿနဒီကောသလမင်းလို့ ခေါ်ဆိုကြတာဖြစ်ပါ တယ်။
ကောသလမင်းကြီးဟာ မင်းဆိုးမင်းညစ်တစ်ပါးမဟုတ်တောင် မင်းကောင်းမင်းမြတ်စာရင်း ထဲလည်း သွင်းလို့မရတဲ့ ဘုရင်တစ်ပါးဖြစ်ပါတယ်။ ကောသလမင်းကြီးဟာ ကိုယ်ပိုင်စဉ်း စားအားနည်းပြီးတော့ အနီးနေအကြံပေးပုရောဟိတ်တွေ ပြောဆိုတဲ့စကားကိုလည်း မျက် စိမှိတ်ယုံလေ့ရှိတဲ့ ဘုရင်တစ်ပါးပဲဖြစ်ပါတယ်။ ကောသလမင်းကြီးဟာ ဘာသာရေးခေါင်း ဆောင်တွေဆီကနေ လာဘ်စားတတ်သလို ၀ိသာခါလိုသူဌေးမကြီးကိုတောင်မှ အခွန်အ တုတ်တွေနဲ့ နှိပ်စက်တတ်ပါသေးတယ်။ ပြီတော့ သူက ထောက်လှမ်းရေးတွေကို သင်္ကန်း ၀တ်ပေးပြီးတော့ တိုင်းရေးပြည်ရာတွေကို ထောက်လှမ်းလေ့ရှိပါသေးတယ်။ သူ့ကိုယ်ကျိုး စီးပွားအတွက်ဆိုရင် သာသနာတော်ကို အသုံးချဖို့လည်းဝန်မလေးတဲ့ ဘုရင်တစ်ပါးပဲဖြစ်ပါ တယ်။ သူဟာ သူ့ကိုယ်ကျိုးစီးပွားအတွက်ဆိုရင် သက်တော်ထင်ရှားရှိနေတော်မူတဲ့ ဘုရားရှင်ရဲ့မျက်နှာတော်ကိုတောင်မှ ငဲ့ညှာထောက်ထားခြင်းမရှိခဲ့တဲ့ မင်းတစ်ပါးဖြစ်ပါ တယ်။ ကောသလမင်းကြီးဟာ ဗေဒင်တွေယတြာတွေကိုလည်း ယုံကြည်ပါသေးတယ်။
ဒါကြောင့်လည်း ပေဿနဒီကောသလမင်းကြီးဟာ ဘယ်ဘုံဘ၀ရောက်နေသလဲဆိုတာ ကို သမိုင်းမှတ်တိတိကျကျမရှိခဲ့တဲ့ သူတစ်ယောက်ဖြစ်ပါတယ်။ ဘုရားရှင်လက်ထက် တော်က နာမည်ကြီးပုဂ္ဂိုလ်တော်တော်များများဟာ ကောင်းသည်ဖြစ်စေ ဆိုးသည်ဖြစ်စေ ဘယ်ဘုံဘ၀ကို ရောက်ရှိနေတယ်ဆိုတဲ့ သမိုင်းမှတ်တမ်းရှိပါတယ်။ ကောသလမင်းကြီးက တော့မရှိပါဘူး။ ဘာပြုလို့မရှိတာလည်းဆိုတော့ သေပြီးနောက်ပိုင်းမှာ သူကိုယ်တိုင်လည်း ဘုရားရှင်ဆီ လာမတွေ့နိုင်တော့တဲ့ဘ၀တစ်ခုကို ရောက်ရှိသွားတာကြောင့် ဖြစ်ပါလိမ့် မယ်။ နောက်ပြီးတော့ ကောသလမင်းကြီးသေပြီး ဘယ်ဘုံဘ၀မှာရောက်ရှိနေတာပါလဲလို့ စိတ်ဝင်တစားနဲ့ ဘုရားရှင်ဆီကို သွားရောက်မေးမြန်းတဲ့သူ မရှိလို့လည်းဖြစ်ပါတယ်။ ဒါ ဟာ ဘာကိုပြနေတာလဲဆိုရင် ကောသလမင်းကြီးဟာ ပြည်သူပြည်သားတွေရဲ့ ရင်ထဲနှ လုံးသားထဲမှာရှိမနေတဲ့ မင်းတစ်ပါးဖြစ်တယ်ဆိုတာပါပဲ။
တစ်နေ့သောအခါကာလမှာ ဘုရားရှင်ကိုယ်တော်မြတ်ကြီးဟာ နောက်ပါရဟန္တာငါးရာနဲ့အ တူ ကောသလမင်းကြီးရဲ့နန်းစိုက်ရာ သာဝတ္ထိမြို့တော်ကို ကြွရောက်လာခဲ့ပါတယ်။ ဇေတ ၀န်ကျောင်းတော်က သာဝတ္ထိမြို့တော်ရဲ့အပြင်ဘက်မှာ တည်ရှိပါတယ်။ မြို့တော်နဲ့ ဇေတ ၀န်ကျောင်းတော်ဟာ သုံးမိုင်လောက်ဝေးပါတယ်။ ကောသလမင်းကြီးဟာ ကျောင်းတော် ကိုသွားရောက်ပြီးတော့ ဘုရားရှင်နဲ့အတူ နောက်ပါသံဃာတော်တွေကို နောက်တစ်နေ့မှာ နန်းတော်ကို ဆွမ်းစားကြွဖို့ ပင့်ဖိတ်ပါတယ်။ ထို့နောက် “ငါ၏အလှူဒါနကို မြို့သူမြို့သား များ လာရောက်ကြည့်ရှု့ကြ”ဆိုပြီး ဖိတ်ခေါ်ကြေငြာပါတယ်။ မြို့သူမြို့သားတွေကလည်း သွားရောက်ကြည့်ရှု့ကြပါတယ်။
နောက်တစ်နေ့မှာ မြို့သူမြို့သားတွေဟာ ဘုရားရှင်နဲ့ နောက်ပါသံဃာတော်များကို ပင့်ဖိတ်ပြီးတော့ စုပေါင်းအလှူပွဲကြီး ကျင်းပပါတယ်။ သူတို့အလှူပွဲကြီးကို လာရောက် ကြည့်ရှု့ဖို့ ကောသလမင်းကြီးကို ပင့်ဖိတ်ကြပါတယ်။ ကောသလမင်းကြီးဟာ မြို့သူမြို့ သားတွေရဲ့ စုပေါင်းအလှူပွဲပြီးကို တက်ရောက်ကြည့်ရှု့ပြီးတော့ မြို့သူမြို့သားတွေထက် သာလွန်ကောင်းမြတ်တဲ့ အလှူပွဲကြီးတစ်ခုကို ငါကျင်းပမယ်ဆိုပြီး နောက်တစ်နေ့မှာ အလှူပွဲကြီးတစ်ခု နန်းတော်မှာကျင်းပပါတယ်။ မြို့သူမြို့သားတွေကိုလည်း နန်းတော်မှာ လာာရောက်ကြည့်ရှု့ဖို့ ဖိတ်ခေါ်ပါတယ်။
အဲဒီလိုမျိုး ဘုရင်က အလှူပွဲကျင်းပပြီး မြို့သူမြို့သားတွေကိုခေါ်ပြလိုက်၊ မြို့သူမြို့သား တွေက ဘုရင်ထက်သားအောင် အလှူပွဲထပ်ကျင်းပပြီးတော့ ဘုရင်ကိုခေါ်ပြလိုက်နဲ့ပြုလုပ် တာ ခြောက်ကြိမ်တိုင်တိုင် အလှူပွဲကြီး မြို့သူမြို့သားတွေရာ ဘုရင်ပါ ကျင်းပဖြစ်သွားပါ တယ်။ ဘုရင်ဟာ မြို့သူမြို့သားတွေထက် သာလွန်ကောင်းမြတ်တဲ့အလှူပွဲကြီးအဖြစ် ခုနှစ်ကြိမ်မြောက်အလှူပွဲကြီး မကျင်းပနိုင်တော့လို့ စိတ်ညစ်ညစ် မျက်နှာမရွှင်မလန်းနဲ့ အိပ်ယာပေါ်မှာ ခွေနေပါတော့တယ်။
ကောသလမင်းကြီးရဲ့ မိဖုရားခေါင်ကြီးက မလ္လိကာဒေ၀ီဖြစ်ပါတယ်။ မလ္လိကာဒေ၀ီမိဖုရား ခေါင်ကြီးက ဥာဏ်ပညာကြီးမားသူတစ်ယောက်လည်းဖြစ်ပါတယ်။ မိဖုရားကြီးက ဘုရင် ကြီးအိပ်ယာထဲမှာ ညှိုးညှိုးငယ်ငယ်နဲ့ ခွေနေတာမြင်တော့ ဘာဖြစ်လို့ပါလဲလို့ အကျိုးအ ကြောင်းမေးပါတယ်။ ကောသလမင်းကြီးက ပြည်သူပြည်သားတွေထက် သာလွန်ကြီး ကျယ်ခမ်းနားတဲ့ အလှူပွဲကြီးမကျင်းပနိုင်လို့ စိတ်ညစ်နေတဲ့အကြောင်းကို ပြောပြါတယ်။ ဒါနဲ့ မိဖုရားခေါင်ကြီးက စိတ်ညစ်မနေပါနဲ့။ ဒါကလုပ်ဖို့လွယ်ပါတယ်။ ထပါ။ မြို့သူမြို့သား တွေထက် ကြီးကျယ်ခမ်းနားတဲ့အလှူပွဲကြီးဖြစ်အောင် စီမံခန့်ခွဲပေးပါမယ်လို့ ပြောပြီးလိုက် မှ ကောသလမင်းကြီး အိပ်ယာထဲခွေနေရာကနေ ထပါတော့တယ်။
ရဟန္တာတစ်ပါးငါးရာဆွမ်းစားနေတုန်းမှာ လေ့ကျင့်သင်ကြားပေးထားတဲ့ ဆင်လိမ္မာငါးရာက ထီးဖြူတစ်လက်စီကို နှာမောင်းနဲ့ကိုင်ပြီးတော့ ရဟန္တာတွေကို ထီးဖြူမိုးပေးပါတယ်။ မင်းသ မီးငါးရာက ရဟန္တာငါးရာ ဆွမ်းစားနေတုန်း ယပ်ခပ်ပေးကြပါတယ်။ ဒါနဲ့ ကောသလမင်းကြီ ကို ပြည်သူပြည်သားတွေက အရှုံးပေးလိုက်ရပါတယ်။ ထိုခေတ်ဥပဒေများအရ ဆင်ဆိုတာ ကလည်း ဘုရင့်ပဲလက်ဝယ်ပိုင်ဆိုင်ခွင့်ရှိပါတယ်။ ထီးဖြူဆိုတာကလည်း ဘုရင်ပဲ လက် ၀ယ်ပိုင်ဆိုင်ခွင့်ရှိပါတယ်။ မင်းသမီးဆိုတာကလည်း နန်းတွင်းမှာပဲရှိပါတယ်။ ဒါနဲ့ပဲ ပြည်သူပြည်သားတွေက ဆင်လည်းမရှိ ထီးဖြူလည်းမရှိ မင်းသမီးလည်းမရှိလို့ ဘုရင်ကို အရှုံးပေးလိုက်ကြရတာဖြစ်ပါတယ်။ အဲဒီအလှူပွဲကြီးကို အသဒိသနဒါန-အတူမရှိတဲ့ဒါန လို့ခေါ်ဆိုတာဖြစ်ပါတယ်။
၂၀၁၅အထွေထွေရွေးကောက်ပွဲကြီးကို မကြာခင်လပိုင်းအလိုမှာ ကျင်းပတော့မှာဖြစ်ပါ တယ်။ ဒီရွေးကောက်ပွဲကြီးမှာ ပြည်သူတွေရဲ့အခန်းကဏ္ဍသိပ်အရေးပါပါတယ်။ ပြည်သူ လူထုက အစိုးရတစ်ရပ်နဲ့ လွှတ်တော်ကြီးပေါ်ပေါက်လာဖို့အတွက် မဲပေးကြရမှာဖြစ်ပါ တယ်။ ပြည်သူလူထုတွေပေးလိုက်တဲ့ မဲက တိုင်းပြည်နဲ့နိုင်ငံသားတွေရဲ့ အနာဂါတ်ဘ၀၊ တိုင်းပြည်အတွင်းမှာရှိတဲ့ သက်ရှိတိရိစ္ဆာန်တွေရဲ့ဘ၀၊ တိုင်းပြည်အတွင်းမှာရှိတဲ့ သစ် တောကြီးတွေရဲ့ရှေ့ရေး၊ တိုင်းပြည်အတွင်းမှာရှိတဲ့ မြစ်ချောင်းအင်းအိုင် လယ်ယာမြေတွေ ရဲ့အနာဂါတ်ကို အဆုံးအဖြတ်ပေးသွားမှာ ဖြစ်ပါတယ်။
ပြည်သူလူထုအနေနဲ့ မဲပေးပြီးရွေးချယ်တာမှန်ကန်ဖို့ အရမ်းအရေးကြီးပါတယ်။ ပြည်သူလူ ထုကြီးအနေနဲ့ မှန်မှန်ကန်ကန် မဲပေးရွယ်မှုမပြုလုပ်နိုင်လို့ အစိုးရဆိုးတစ်ရပ်ပေါ်ပေါက်လာ ခဲ့ရင် လွှတ်တော်အမတ်ဆိုးတွေ ပေါ်ပေါက်လာခဲ့ရင် မိမိတို့တတွေရဲ့ဘ၀၊ မိမိတို့မျိုးဆက် သစ်တွေရဲ့ဘ၀၊ မိမိတို့တိုင်းပြည်ရဲ့အနာဂါတ်ရှေ့ရေးဟာ ငရဲကျတာထက် ဆိုးဝါးသွားနိုင် ပါတယ်။ ဒီမိုကရေစီအရေခွံခြုံထားတဲ့ အာဏာရှင်တွေကို မဲပေးရွေးချယ်မိလိုက်ရင် မိမိတို့ နိုင်ငံသားတွေအားလုံး အသက်မသေပဲ အရှင်လတ်လတ် ငရဲကျရောက်ကြရမှာဖြစ်ပါ တယ်။ မကြာသေးခင်က ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးအန္တရာယ်တွေက အချက်ပေးခေါင်း လောင်းသံတွေပဲဖြစ်ပါတယ်။
ပြည်သူလူထုအနေနဲ့ မဲပေးရွေးချယ်မှုမှန်ကန်လို့ အစိုးရကောင်းတစ်ရပ်ပေါ်ပေါက်လာခဲ့ရင် လွှတ်တော်အမတ်ကောင်းတွေ ပေါ်ပေါက်လာခဲ့ရင် မိမိတို့တတွေရဲ့ဘ၀၊ မိမိတို့မျိုးဆက် တွေရဲ့ဘ၀၊ မိမိတို့တိုင်းပြည်ရဲ့အနာဂါတ်ရှေ့ရေးဟာ သာယာအေးချမ်း ဖြောင့်ဖြူးပြီး တော့ မိမိတို့တတွေဟာ ကောင်းခြင်းသုခတွေကို ခံစားကြရမှာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အစိုးရကောင်းတစ်ရပ်ပေါ်လာဖို့၊ လွှတ်တော်အမတ်ကောင်းတွေ ပေါ်ပေါက်လာဖို့အတွက် အထူးပဲ လိုအပ်လှပါတယ်။ ဒီလိုအပ်ချက်ကို အမှန်တကယ်ဖြည့်ဆည်းပေးရမှာက ပြည်သူ လူထုကြီးရဲ့ သမိုင်းပေးတာဝန်သာဖြစ်ပါတယ်။
အစိုးရကောင်းတစ်ရပ်နဲ့ လွှတ်တော်အမတ်ကောင်းတွေ ပေါ်ပေါက်လာခဲ့ရင် မိမိတို့နိုင်ငံ တော်ကြီးက အဘက်ဘက်ကနေ ဖွင့်ဖြိုးတိုးတက်သွားပါလိမ့်မယ်။ ကျန်းမာရေး ပညာရေး စီးပွားရေး ကာကွယ်ရေးစသဖြင့် အဘက်ဘက်ကနေ တိုးတက်ကောင်းမွန်သွားပါလိမ့် မယ်။ ကျန်းမာရေးလည်းထိပ်တန်း ပညာရေးလည်းထိပ်တန်း စီပွားရေးလည်းထိပ်တန်း ကာကွယ်ရေးလည်းထိပ်တန်းဖြစ်သွားပါလိမ့်မယ်။ မီးကြိုးမောင်းပြတ် ချူနာပါတေးစစ်တပ် ကြီးကနေ ပြည်သူချစ်တဲ့ခေတ်မှီတပ်မတော်ကြီးအဖြစ် ပြောင်းလဲသွားပါလိမ့်မယ်။ သဘာ ၀ပတ်ဝန်းကျင်ပျက်စီးနေတာတွေ ရပ်တန့်သွားပြီးတော့ ပြန်လည်ကောင်းမွန်လာပါလိမ့် မယ်။ တောရိုင်းတိရစ္ဆာန်တွေ ကိုယ့်တောကိုယ့်အရပ်မှာ မိသားစုနဲ့အတူတူ ပျော်ပျော်ရွှင် ရွှင်နေကြရပါလိမ့်မယ်။ လယ်သမားတွေ စိတ်နှလုံးအေးချမ်းစွာနဲ့ လယ်ယာမြေတွေကို ထွန်ယက် စိုက်ပျိုးကြရပါလိမ့်မယ်။ လူငယ်တွေ ကိုယ်ဝါသနာပါရာ ပညာရပ်တွေကို အဆင့်မှီမှီ သင်ယူလေ့လာခွင့် ရရှိလာပါလိမ့်မယ်။ အိမ်ရှင်မများ မနက်တိုင်း သံဃာငါးရာ တစ်ထောင်ဆိုပြီး ဆွမ်းလောင်းလှူနိုင်ကြပါလိမ့်မယ်။ ဥရောပနိုင်ငံကလူတွေလို စိတ်အေး ချမ်းသာစွာနဲ့ ဘတ်စ်ကားစီးကြရပါလိမ့်မယ်။
ဒါတွေအားလုံးကို စစ်မှန်တဲ့ ဒီမိုကရေစီအစိုးရတစ်ရပ်နဲ့ စစ်မှန်တဲ့ဒီမိုကရေစီလွှတ်တော်က သာ ဖော်ဆောင်ပေးနိုင်မှာဖြစ်ပါတယ်။ ဒီမိုကရေစီအရေခြုံထားတဲ့ အာဏာရှင်အသွင် ပြောင်းအစိုးရက ဖော်ဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါတွေအားလုံးကို ဖော်ဆောင်ပေး နိုင်တဲ့အစိုးရတစ်ရပ်နဲ့ လွှတ်တော်တစ်ရပ်ပေါ်ပေါက်လာအောင် ပြုလုပ်ဖန်တီးပေးကြရ မယ့်သူတွေက ပြည်သူတွေသာဖြစ်ပါတယ်။
မိမိတို့တတွေဟာ ဆွမ်းလောင်းဘူးကောင်း လောင်းဖူးကြပါလိမ့်မယ်။ ပညာရေးအလှူ တော်ငွေတွေ ပေးလှူဖူးကောင်း ပေးလှူဖူးကြပါလိမ့်မယ်။ ကျန်းမာရေးငွေပဒေသာပင်တွေ ပေးလှူးဖူးကောင်း ပေးလှူးဘူးကြပါလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကို စွမ်း နိုင်သမျှ လုပ်နေကြတဲ့သူတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ နိုင်ငံတော်ကို အသက်ပေးပြီး တော့ ကာကွယ်ပေးနေကြတဲ့သူတွေ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ထိုအရာတွေ အားလုံးကိုတော့ တစ်ချိန်ထဲမှာပြုလုပ်ဖူးမှာ မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။
မှန်ကန်စွာရွေးချယ်ပြီးတော့ အစိုးရကောင်းတစ်ရပ် လွှတ်တော်ကောင်းတစ်ရပ် ပေါ်ပေါက် လာအောင် မဲပေးရွေးချယ်လိုက်ခြင်းဟာ ထိုအရာတွေအားလုံးကို တစ်ချိန်ထဲမှာ ပြုလုပ် လိုက်ရာရောက်ပါတယ်။ ထိုကဲ့သို့သောဒါနမျိုးကို မိမိတို့ပြည်သူလူထုကြီးဟာ ဘယ်တုန်း မှ မပြုလုပ်ခဲ့ဘူးဆိုတာ သေချာပါတယ်။ ဒါကြောင့် အစိုးရကောင်းတစ်ရပ် လွှတ်တော် ကောင်းတစ်ရပ် ပေါ်ပေါက်လာအောင် မဲပေးရွေးချယ်လိုက်ခြင်းဆိုတဲ့ ဒါနကြီးဟာ မိမိတို့ တတွေ ရှေးအခါကာလတွေတုန်းက ပြုခဲ့ဘူးတဲ့ဒါနတွေနဲ့ လုံးဝမတူပါဘူး။ ဒါကြောင့် မှန် မှန်ကန်ကန် ရွေးချယ်ပြီးတော့ မဲပေးခြင်းဟာ၂၁ရာစုရဲ့အသဒိသဒါနဖြစ်တယ်လို့ မိမိက တော့ ဆိုချင်ပါတယ်။
၂၁ရာစုရဲ့အသဒိသနဒါနကြီးကို ပြုလုပ်ခွင့်ရအောင် မဲစာရင်းကို မဖြစ်မနေသွားရောက် ကြည့်ရှု့ပြီးတော့ မှားနေရင် မပါရင် ပြင်ဆင်ဖြည့်စွက်လျှောက်ထားကြပါလို့ အထူးပဲတိုက် တွန်းအပ်ပါတယ်။