Tuesday, August 28, 2018

ဝန်ထမ်းကျင့်းဝတ်





















မိဘမေတ္တာကို စောလမွန်နှင့်မဟောသဓာတို့ကိုကြည့်ကာ နှိုင်းယှဉ်လေ့လာခြင်း



နိဒါန်း
          မဟောသဓာပညာရှိ၏ သားတရားစီရင်ခြင်း၌ မဟောသဓာ၏ စဉ်းစားဆင်ခြင်တတ်မှု၊ အသင်အပြင် အကဲခက်မှုတို့ကို ကြည့်ကာ မိခင်ရင်းကို ခွဲခြားပြသခြင်း၊ ပရိသတ်တို့အား သိစေခြင်းငှာ ပရိသတ်ရှေ့၌ပင် အဆုံးအဖြတ်ချခြင်း၊ ကလေးကို အလယ်၌ထားကာ ဦးခေါင်း နှင့် ခြေထောက်တို့မှ ဆွဲခိုင်းခြင်း၊ သားသမီးအပေါ်ထားရှိသော မိခင်တို့၏ ချစ်ခြင်းမေတ္တာကို ပရိတ်သတ်အား သိစေခြင်းငှာ ဆုံးဖြတ်ပေးခြင်း စသည်တို့သည် မဟောသဓာပဏ္ဍိတ၏ လုပ်ဆောင်ချက်ကို ပေါ်လွင်စေပါသည်။ မိခင်ရင်းမဟုတ်သော ဘီလူးမကိုလည်း ကျိုးကြောင်းစီလျှော်အောင် ဆုံးမ၍ နောက်နောင် ထိုသို့မပြုလုပ်ရန် တားမြစ်ပေးခြင်း စသည်တို့ကို အဆုံးအဖြတ်ပေးကာ မိခင်မေတ္တာကို ထင်ရှာအောင်ပြခဲ့ပေးခဲ့သည်။
          စောလမွန်ဘုရင်၏ သားတရားစီရင်ခြင်းမှာလည်း စောလမွန်ဘုရင်၏ စဉ်းစားဆင်ခြင်းကာ ဆုံးဖြတ်ပေးမှု၊ ထိုသူနှစ်ဦး၏ အပြောအဆို အသွားအလာတို့ကို ကြည့်ကာ မိခင်ရင်းကို ခွဲခြားပြသပေးမှု၊ ပရိသတ်တို့အား မပေးမြန်းတော့ပဲ မိမိကိုယ်တိုင် မိခင်ရင်းကို ဆုံးဖြတ်ပေးခြင်း၊ ထိုနောက် ကလေးကို တယောက်တပိုင်းစီယူကြဟု ပြောဆိုကာ ဓားကိုကိုင်လျှက် ပိုင်းဖြတ်မည့်ဟန်ပြခြင်း၊ ထို့သိုပြုလုပ်မည်ဟန်ကို ပြသစဉ် မိခင်ရင်သည် မနေနိုင် မထိုင်ဖြစ်ကာ အော်ဟစ်၍ သားငယ်အား နှစ်ပိုင်းမပိုင်းရန် အကြိမ်ကြိမ်တောင်းပန်ခြင်း၊ မိခင်ရင်မဟုတ်သူက နှစ်ပိုင်း ပိုင်း၍ ခွဲဝေပေးရန် ပြောဆိုခြင်း စသည်တိုကို ကြည့်ခြင်းအားဖြင့် မိခင်ရင်းကို လူထူအား ခွဲခြားပြသခဲ့သည်။ ထူးခြားသည်မှာ စောလမွန်၏ သားတရားစီရင်ခန်းတွင် လူသားမိန်းမနှစ်ဦးဖြစ်နေသည်ကိုတွေ့ရသည်။ ထို့နောက် စောလမွန်သည် လူထူအား ဤသူကား မိခင်ရင်းတည်း။ ထိုသူကား မိခင်ရင်းမဟုတ်ဟု ပြောဆိုပြီး ခွဲခြားပြသပေးခဲ့ပါသည်။
          အပေါ်တွင်ဖော်ပြထားသော အချက်နှစ်ချက်ကို လေ့လာလိုက်လျှင် မည်သို့ပင် ဆုံးဖြတ်စေကာမူ မိခင်မေတ္တာကား တူညီနေသည်ကို တွေ့ရသည်။ ထို့ကြောင့် မိခင်မေတ္တာသည် အေးမြသည်ဟု ပြောစမှတ်ပြုလားသည်။[1]
မေတ္တာဟူသည်
          `မဇ္ဇတီတိမေတ္တာ၊ မိတ္တေဘ၀ါ၊ ၀ါမိတ္တာသ ဧသာတိ ၀ါ မေတ္တာ`[2]
အကြင်တရားသဘောသည် ချစ်ခင်တတ်သောကြောင့် မေတ္တာ။ (တနည်း) အဆွေခင်ပွန်း၌ ဖြစ်တတ်သောကြောင့် မေတ္တာ။ (တနည်း) အဆွေခင်ပွန်း၏ ဥစ္စာဖြစ်သောကြောင့် မေတ္တာ။
          `သုခသဉ္ဇိတာမေတ္တာ၊ လောကဿမာတုသမ္မတာ။[3]
မေတ္တာဓာတ်သည် ကမ္ဘာလောကဓာတ်ကြီးတစ်ခုလုံး၏ မိခင်ကြီးသဖွယ် ဖြစ်သည်။
          ဗြဟ္မာကြီးမည်သည် မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသော ဗြဟ္မ၀ိဟာရတရားလေးပါးနှင့် ပြည့်စုံသကဲ့သို့ မိဘတို့သည် သားသမီးများအပေါ်၌ ဗြဟ္မ၀ိဟာရတရားလေးပါးနှင့် ပြည့်စုံစွာ နေတတ်သောကြောင့် မိဘတို့ကိုလည်း ဗြဟ္မာဟူ၍ အမည်ရှိကြောင့် ဟောထားသည်။[4]
          မေတ္တာကို တရားကိုကောက်ပါက အဒေါသ- ကြမ်းတမ်းခက်ထန်ခြင်းမရှိ ဟူသော စေတသိတ်ပင်ဖြစ်ပါသည်။
မေတ္တာသုံးမျိုး
          မေတ္တာဟူသော ပါဠိ၏အနက်ကို ချစ်ခြင်း၊ ချစ်မြတ်နိုးခြင်း အနက်ပြန်ကြသည်။[5] ချစ်ခြင်းသုံးမျိုးရှိပါသည်။
၁။ တဏှပေမအချစ်
၂။ ဂေဟသိတပေမအချစ်
၃။ မေတ္တာပေမအချစ် ဟူ၍ သုံးမျိုးရှိပါသည်။
          ၁။ တဏှပေမအချစ်ဟူသည် မိန်းမယောက်ျား အပြန်အလှန်ချစ်ခြင်းဟူသော ချစ်သူအချစ်ဖြစ်သည်။[6]
          ၂။ ဂေဟသိတပေမအချစ်ဟူသည် မိဘနှင့်သားသမီး၊ ညီနှင့်အကို၊ မောင်နှင့်နှမ စသည်တို့ မိသားစု အိမ်သား အချင်းချင်း ချစ်ကြသော မိသားစုအချစ်ဖြစ်ဖြစ်သည်။[7]
          ၃။ မေတ္တာပေမအချစ်ဟူသည် သူတစ်ပါးတို့၏ အကျိုးစီးပွား ဖြစ်ထွန်းမှုကို လိုလားသော ပါရမီအချစ်ဖြစ်သည်။[8]
          မေတ္တာသည် ဖျက်စီးတတ်သည့်တရားမဟုတ်ပေ။ အပြုသဘောသာ ဖြစ်သည်။ မေတ္တာကြောင့် တစ်စုံတစ်ဦး ထိခိုက်နစ်နာသွားသည်ဟူ၍မရှိ။ အကျိုးခံစား ရရှိခြင်းသာရှိ၏။ မေတ္တာသည် လူ နတ် ဗြဟ္မာ အပါယ်ဘုံသားဟူ၍ သတ္တ၀ါအားလုံးကို အယုတ်အမြတ် မခွဲခြားပဲ အဆိုးအကောင်း မခွဲခြားပဲ လှသည် အကျဉ်းတန်သည်ကို ဂရုမစိုက်ပဲ တစ်ပြေးညီညာ ချစ်ခင်ကြင်နာသော သဘောဖြစ်၏။ ဘေးရန်ကင်းပြီး ကိုယ်စိတ် ချမ်းသာစေလိုသော သဘောဖြစ်၏။
          မေတ္တာသည် ခွင့်လွတ်နိုင်၏။ သည်းခံနိုင်၏။ အနစ်နာခံနိုင်၏။ ကိုယ်ချင်းစာတတ်၏။ စည်းလုံးညီညွတ်ခြင်းနှင့် ငြိမ်းချမ်းခြင်းတို့ကို မေတ္တာဖြင့်သာ ဖော်ဆောင်နိုင်၏။
          မေတ္တမ္မုနာ သဒေါသော စ ပရ ခေါသော စ သမ္မတိ။
မေတ္တာသေကေန သဗ္ဗေသု သဗ္ဗသောဂ္ဂိံ နိဝါရယေ။[9]

မေတ္တမုနာ-မေတ္တာတည်းဟူသောရေစင်ဖြင့်၊ သဒေါသော စ - မိမိ၏ဒေါသသည်၎င်း၊ ပရဒေါသော စ - သူတစ်ပါး၏ဒေါသသည်၎င်း၊ သမ္မတိ-ငြိမ်းစဲပပျောက်ရပါပေ၏။ မေတ္တာသေကေန- မေတ္တာတည်းဟူသော ရေစင်သွန်းလောင်းသဖြင့်၊ သဗ္ဗေသု-အလုံးစုံကုန်သော သတ္တ၀ါအပေါင်းတို့၌၊ သဗ္ဗတော-အချင်းခပ်သိမ်းအားဖြင့်၊ အဂ္ဂိံ-ဒေါသတည်းဟူသောမီးကို၊ နိဝါရယေ- မေတ္တာတည်းဟူသောလက်နက်ဖြင့် ဖြိုဖျက်တားမြစ်ရာသတည်း။
          အထက်ပါဂါထာအတိုင်းပင် မေတ္တာသည် မိမိဒေါသ၊ သူတစ်ပါးဒေါသ ဒေါသနှစ်ပါးကို ပျောက်စေနိုင်ငြိမ်းစေ နိုင်သော ရေစင်ဖြစ်လေ၏။ ဒေါသမီးတောက်အပေါ်၌ အဒေါသမေတ္တာရေစင် ဖျန်းပက်လောင်းချမှသာ ထိုဒေါသ မီးတောက် ငြိမ်းပျောက်နိုင်ပေလိမ့်မည်။
နိဂုံးချုပ်
         



[1] ထိုစကားရပ်
[2] ဣတိဝုတ်အဋ္ဌ စာ72
[3] ရှာမတွေ့
[4] ဣတိဝုတ်ပါဠိတော်
[5] ဦးဟုတ်စိန်အဘိဓာန်
[6]
[7] ခုဒ္ဒသိက္ခာ-မူလသိက္ခာ စာ258
[8]
[9] သင်္ဂဇာဆရာတော်သြ၀ါဒ