ဧတဒဂ်ဘွဲ့ရ
ရဟန္တာမထေရ်ကြီးများ (၄၁)
၁။
အသျှင်ကောဏ္ဍည ၀ါရင့်ခြင်း = ရတ္တညူအရာ
၂။
အသျှင်သာရိပုတြာ ဥာဏ်ပညာကြီးခြင်း။
၃။
အသျှင်မဟာမောဂ္ဂလ္လာန် တန်ခိုးဣဒ္ဓိပါဒ်ကြီးခြင်း။
၎။
အသျှင်မဟာကဿပ ဓုတင်ဆောင်ခြင်း
၅။
အသျှင်အနုရုဒ္ဓါ ဒိဗ္ဗစက္ခုအဘိညာဉ်ရခြင်း။
၆။
အသျှင်ဘဒ္ဒိယ အမျိုးမြတ်ခြင်း။
၇။
အသျှင်လကုဏ္ဍကဘဒ္ဒိယ အသံသာယာခြင်း။
၈။
အသျှင်ပိဏ္ဍောလဘာရဒွါဇ ရဲတင်းသော စကားကို
ဆိုခြင်း။
၉။
အသျှင်ပုဏ္ဏ ဓမ္မကထိကအရာ တရားဟောကြားခြင်း။
၁၀။
အသျှင်ကစ္စာန အကျဉ်းကို အကျယ်ဟောခြင်း။
၁၁။
အသျှင်စူဠပန္ထက မနောမယအဘိညာဉ် ဖန်ဆင်ခြင်း။
၁၂။
အသျှင်မဟာပန္ထက အရူပဈာန်မှစ၍ ရဟန္တာဖြစ်ခြင်း။
၁၃။
အသျှင်သုဘူတိ အပြစ်မရှိသော နေခြင်းနှင့်
အလှူခံထိုက်ခြင်း။
၁၄။
အသျှင်ခဒိရ၀နိယရေ၀တ တောရဆောက်တည်ခြင်း။
၁၅။
အသျှင်ကင်္ခါရေ၀တ ဈာန်ဝင်စားခြင်း။
၁၆။
အသျှင်သောဏကောဠိဝိသ လုံ့လ၀ီရိယကြီးခြင်း။
၁၇။
အသျှင်သောဏကုဋိကဏ္ဏ အဟောအပြောကောင်းခြင်း။
၁၈။
အသျှင်သီဝလိ လာဘ်ပေါများခြင်း။
၁၉။
အသျှင်သက္ကလိ သဒ္ဓါတရားလွန်ကဲခြင်း
၂၀။
အသျှင်ရာဟုလာ သိက္ခာသုံးပါး ကျင့်ဆောင်ခြင်း။
၂၁။
အသျှင်ရဋ္ဌပါလ သဒ္ဓါတရားနှင့်
ရဟန်းပြုခြင်း။
၂၂။
အသျှင်ကောဏ္ဍဓာန စာရေးတံမဲ ပထမရခြင်း။
၂၃။
အသျှင်ဝင်္ဂိသ ဖွဲ့ဆိုသီကုံးမှု၌
ဥာဏ်ပဋိဘာန်ရှိခြင်း။
၂၄။
အသျှင်ဥပသေန ကြည်ညိုဖွယ်ရာဖြစ်ခြင်း။
၂၅။
အသျှင်ဒဗ္ဗ သံဃာတော်များအတွက်
နေရာချထားခြင်း။
၂၆။
အသျှင်ပိလိန္ဒ၀စ္ဆ နတ်တို့ ချစ်မြတ်နိုးခြင်း
၂၇။
အသျှင်ဒါရုစီရိယ လျင်မြန်စွား ထိုးထွင်းသိခြင်း။
၂၈။
အသျှင်ကုမာရကဿပ ဆန်းကြယ်စွာ တရားဟောခြင်း။
၂၉။
အသျှင်မဟာကောဋ္ဌိက ပဋိသမ္ဘိဒါ လေးပါး ရခြင်း။
၃၀။
အသျှင်အာနန္ဒာ အကြားအမြင်များခြင်း၊
သတိကောင်းခြင်း၊ ဥာဏ်ကောင်းခြင်း။
လုံ့လကြီးခြင်း၊
အလုပ်အကျွေး အပြုအစု ဤငါးချက်။
၃၁။
အသျှင်ဥရုဝေလကဿပ အခြံအရံများခြင်း။
၃၂။
အသျှင်ကာဠုဒါယီ ဆွေတော်မျိုးတော်တို့ကို
ကြည်ညိုစေခြင်း။
၃၃။
အသျှင်ဗာကုလ ကျန်းမာရေးနှင့် ပြည့်စုံခြင်း။
၃၄။
အသျှင်သောဘိတ ပုဗ္ဗေနိဝါသအဘိညာဉ်။
၃၅။
အသျှင် ဥပါလိ ၀ိနည်းဆောင်ခြင်း။
၃၆။
အသျှင်နန္ဒက ဘိက္ခုနိတို့အား
ဆုံးမခြင်း။
၃၇။
အသျှင်နန္ဒ ဣနြေ္ဒစောင့်ခြင်း။
၃၈။
အသျှင်မဟာကပ္ပိန ရဟန်းများအား ဆုံးမခြင်း။
၃၉။
အသျှင်သာဂတ တေဇောဓာတ်သမာပတ်၌ ၀င်စားခြင်း။
၄၀။
အသျှင်ရာဓ ဒေသကဘုရားရှင်အား ဒေသနာဥာဏ်
အဆင့်ဆင့် ပွင့်စေခြင်း။
၄၁။
အသျှင်မောဃရာဇ ခေါင်းပါးသော သင်္ကန်းကို
ဆောင်ခြင်း။