Wednesday, December 5, 2012

အခြေခံ ဘာသာရေး အကြောင်းသိကောင်းစရာ တစ်ပိုင်းတစ်စများ


                                              အခြေခံ ဘာသာရေး
        ဗုဒ္ဓမြတ်စွာသည် သတ္တ၀ါတို့၏ ချမ်းသာဖို့ အကျိုးငှာ ပွင့်တော်မူလာ၏။ ချမ်းသာ ဟူရာ၌ နောက်ဘ၀ရောက်မှ ရရှိမည့်ချမ်းသာမျိုးသာမက ဤဘ၀၌ပင် ရနိုင်သော ချမ်းသာမျိုးလည်း ပါဝင်ပါသည်။

           ၂။ ခေတ်လူအချို့က ဗုဒ္ဓမြတ်စွာ၏ တရားတော်သည် ဟိုဟာ မလုပ်ရ သည်ဟာ မလုပ်ရ ဟူသော် ပညတ်ချက်တွေကြောင့် လူတို့ကို မတတ်ကြွစေဘဲ ထုံထိုင်းဖျင်းအ အောက်ကျနောက်ကျ ဖြစ်စေ၏ ဟု ယူဆ၍ တိုင်းပြည်ထူထောင်ရာတွင် ဗုဒ္ဓတရားတော်ကို ဖယ်ကြဉ်လိုကြသည်။

      ၃။ ထိုသူတို့အား ဗိမ္ဗိသာရမင်း ဓမ္မာသောကမင်း ဒုဋ္ဌာဂါမဏီအဘယမင်းတို့နှင့် သီဟစစ်သူကြီး မင်းကြီးရန်နောင်စသော ဗုဒ္ဒဘာသာခေါင်းဆောင်တို့ကို ညွှန်ပြလိုပါသည်။
      
      ဗိမ္ဗိသာရမင်း    ။ ဗိမ္ဗိသာရမင်းကြီးသည် မိမိကိုယ်တိုင် သောတာပန်ဖြစ်ပြီးလျှင် ဘုရားရှင်ကို ဝေဠုဝန်ကျောင်းတော်၌ ကိုးကွယ်ကာ ကြီးစွာသော စစ်တပ်ဖြင့် တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါသည်။

         ထိုမင်းလက်ထက်၌ …….
                    က။ သူပုန်ထသောကြောင့် စစ်တပ်ကို လွှတ်ရသော ကိစ္စ

             ခ။ သူပုန်အနှိမ်သွားခါနီးမှ ရဟန်းပြုကြသော စစ်သားအချို့၏ မတရားမှုကြောင့် ဥပဒေပြုရသော ကိစ္စ။

        ဂ။ အခါကြီး နေ့ကြီးများ၌ သားငါးမသတ်ရ ဟု ကြွေးကြော်ရသောကိစ္စ (ဤကိစ္စကိုထောက်ထား၍ နေ့ကြီး ရက်ကြီးမဟုတ်သောနေ့များ၌ သားငါးနှင့်စပ်၍                   ဖြစ်ပျက်ပုံကို စဉ်းစားနိုင်သည်။) ဤကိစ္စများ ဖြစ်ခဲ့ရသည့်အပြင် ..

              ဃ။ တရားသူကြီးတို့က ရာဇ၀တ်သားကို တံကျင်လျှို၍ သတ်ရမည်ဟု အမိန့်ချသောကြောင့် ကာက၀လ္လိယဇာတ် ဟုသိနေကြသော ကာဠ၀လိယ ဇာတ်လည် ထိုဗမ္ဗိသာရမင်း၏ လက်ထက်မှာပင် ဖြစ်ခဲ့ရသည်။
      
      ဒုဋ္ဌဂါမဏိမင်း    ။ ဒုဋ္ဌဂါမဏိ အဘယမင်းကား မိမိကိုင်နေကျ လှံထိပ်ဝယ် ဗုဒ္ဓမြတ်စွာ၏ ဓာတ်တော်ကို ဌာပနာထားလေသည်။ ထိုမင်းသည် သာသနာ့ အဆောက်အအုံတွေကို ဖျက်ဆီးနေသော သာသနာ့ရန်သူများကို စစ်ထွက်ခါနီးဝယ် အရွယ်ကောင်းသော ရဟန်းတော်ငါးရား တို့ကို ပင့်၍ သွားလေသည်။

         ထိုအခါ၌ အမြဲဓိဋ္ဌာန်သော ဆောင်ပုဒ်ကား………………

ငါတွက်မြားမြောက် ချမ်းသာရောက်ဖို့
ခုလောက်ကြိုးကုတ် အားမထုတ်ဘူး
ဗုဒ္ဓမြတ်စွာ သာသနာ၏
ရှည်ကြာအဓွန့် ရောင်လျှံကွန့်ဖို့
စွန့်စွန့်စားစား ငါကြိုးစားသည်
ငါ့အား စိတ်ဝယ်အမြဲတည်း။

      ဓမ္မသောကမင်း  ။ ဓမ္မာသောကမင်းကား ဗုဒ္ဓတရားတ်ာကို ယုံကြည်၍ သာသနာပြုမင်း ဖြစ်သောအခါ လူနှင့်ဆိုသော ကိုယ်ကျင်းတရားကို အနှံ့အပြား ကျောက်တိုင်စိုက်စေပြီးခါမှ တိုင်းပြည်အုပ်ချုပ်ရာဝယ် ရှေးကထက် လွယ်ကူကြောင်းကို တွေ့ရပါသတဲ့။

   စစ်သူကြီးနှင့်မင်းကြီး  ။ သီဟ မည်သောစစ်သူကြီးကား မိမိက သောတာပန်ဖြစ်သော်လည်း စစ်သေနာပတိအဖြစ်ဖြင့် စစ်တပ်ကို ဦးစီးခဲ့သည်။ မင်းကြိးရန်နောင်၏ သာသနာဖျက်သူပုန်မင်းကို ဘာသာဝင်မှူးမတ်များနှင့် အတူနှိမ်နင်း၍ ဗုဒ္ဓဘာသာကို ကယ်တင်ခဲ့ငြ်းမှာလည်း ရာဇ၀င် အထင်အရှားပင်တည်။
                       ဤသို့ ရှေးဘာသာဝင်တို့၏ တိုင်းပြည်အုပ်ချုပ်၍ အလုပ်လုပ်ပုံကို လေ့လာကြည့်သောအခါ ရှေးရှေးဓမ္မသတ် ဥပဒေအတိုင်း အုပ်ချုပ်ရာ၌လည်းကောင်း ကယ်တင်မှုလုပ်ရာ၌လည်းကောင်း ဗုဒ္ဒဘာသာက အနှောင့်အယှက် မပေးခဲ့ကြောင်းကို တွေ့ရပါသည်။

                    ၄။ ခေတ်လူအချို့ကား ဗုဒ္ဓတရားတော်သည် လောကီဘက်က တိုးတက်နေသော ယခုကမ္ဘာဝယ် လိုက်၍မမီနိုင်တော့ ဟု ယူဆကြသည်။ ဗုဒ္ဓမြတ်စွာ၏ တရားတော်တွင် မည်သည့်တရားက လောကီကြီးပွားရေးကို တားမြစ်ပါသနည်း။ မင်္ဂလာတရား ဟူသည် ခုဘ၀ နောက်ဘ၀ နှစ်ဌာနလုံး၌ပင် ကြီးပွားချမ်းသာကြောင်းတရား ဖြစ်သည်။ ထိုမင်္ဂလာတရားတော်တွင်………………..
က။ ဗာဟုဿစ္စဉ္စ အကြားအမြင်အတွေ့ အကြုံများရခြင်း ဟု ပါရှိ၏။ ယခုခေတ် သုတေသန လုပ်ခြင်းမျိုးပင်တည်း။ ထိုဗာဟုဿစ္စဉ္စ မင်္ဂလာသည် မည်၍ မည်မျှသာ သုတေသနလုပ်မည် ဟု ကန့်သတ်ချက်မရှိရကား သုတေသန လုပ်ရာ၌ ခေတ်အလိုက် ကျယ်ကျယ်ပြန့်ပြန့်် လုပ်နိုင်ကြောင်း သိသာပါသည်။ ထို့ကြောင့် ယခုအခါ ကောင်းကင်၌ ဂြိုဟ်တုလွှတ်၍ သုတေသနပြုခြင်း မြေရေတို့၌ သုတေသနပြုခြင်းများသည် ဗာဟုဿစ္စဉ္စ မင်္ဂလာပင် ဖြစ်သည်။

     ခ။ သိပ္ပဉ္စ သိပ္ပံပညာ အဖြာဖြာကို တတ်ရခြင်း ဟုလည်းပါရှိသည်။ ထိုသိပ္ပံပညာတတ်မြောက်ခြင်း မင်္ဂလာ၌လည်း မည်သည့် သိပံ္ပပညာ ဟုပိုင်းခြားကန့်သက်ချက်မရှိ ခေတ်အလိုက် ပေါ်ပေါက်လာသော ပညာအရပ်ရပ်ကိုပင် တတ်မြောက်ရခြင်းဟု ဟောတော်မူလိုရင်း ဖြစ်သည်။

     ၅။ ဗုဒ္ဓမြတ်စွာ တရားတော်သည် လောကကြီးပွားရေးကို မတားမြစ်သည့်အပြင် စနစ်တကျအားပေးသော တရားဖြစ်ကြောင်းကို နောက်လာမည့် ကြီးပွားရေးတရားများဖြင့် သိနိုင်ပါလိမ့်မည်။

      ၆။ ထိုကဲ့သို့ ယခုဘ၀ကြီးပွားရေးကို အားပေးရုံသာမက သတ္တိနှင့်ဇွဲကိုလည်း အမြဲအားပေးရာ ရောက်ပါသည်။ ထင်ရှားစေဦးအံ့ … ဗုဒ္ဓတရားတော်များ၌ အလောင်းတော်ဘ၀တုန်းက (အများသိဖြစ်သော မဟော်ဓာတို့လို ဘ၀တုန်းက) မကြောက်မရွံ့ ရဲ့ဝံ့သောသတ္တိ နောက်မဆ်ုသော လုံ့လ၀ီရိယဇွဲတို့ကို ကြားဖူးနေရသောကြောင့်လည်းကောင်း အမရာဒေ၀ီ မဒ္ဒီမိဖုရားတို့လိမ္မာပုံ သတ္တိရှိပုံကို ကြားနေရသောကြောင့်လည်းကောင်း၊ ထိုအလိမ္မာ ထိုသတ္တိများ ကူးစက်နေရကား ဗုဒ္ဓဘာသာဝင် အမျိုးသား အမျိုးသမီးတို့၌ အလိမ္မာနှင့် ဇွဲသတ္တိမှာ အခြားဘာသာဝင်များထက် များသောအားဖြင့် သာတတ်ပါသည်။

     ၇။ ဗုဒ္ဓဘာသာဝင်တို့၏ အားအရဆုံးသတ္တိကား အကောင်းအဆိုး လောကဓံနှစ်မျိုးနှင့် တွေ့ကြုံလာလျှင် ခံနိုင်ခြင်း သေရမည်ကို လွန်လွန်ကဲကဲ မကြောက်တတ်ခြင်းတည်း။ ထိုသို့ သတ္တိရှိခြင်းမှာလည်း မိမိ၌ရှိသော သီလ ဒါနကို အားကိုးသည့်အပြင် အားလုံးအရာဝတ္ထု ရုပ်နာမ်အစုသည် ပျက်စီးရမည့် အနိစ္စတရားချည်းသာ ဖြစ်၏ ဟုကြားသိနေရသော မိရိုးဖလာဘာဝနာကြောင့်လည်း ဖြစ်၏။
           ဤသို့လျှင် ဗုဒ္ဓဘာသာဝင် ဖြစ်သူသည် တရားပြည့်ဝလေ သတ္တိထက်လေ ဖြစ်ရကား ဗုဒ္ဓ တရား တော်သည် အလျော့ဘက် အပျော့ဘက်ကို အားမပေးဘဲ စာရိတ္တနှင့်တကွ အတင်းဘက် အတိုး ဘက်ကိုသာ အားပေးပါသည်။

            သို့ပါလျက် ဗုဒ္ဓ၏အလိုတော်ကို မသိသောလူအများသည် မိခင်ဖြစ်သော ဗုဒ္ဓတရားတော်ကို ကျော်၍ ဒွေးတော်ဝါဒတို့ဖြင့် လွတ်လပ်ပြီးနိုင်ငံကို ထူထောင်လာခဲ့ကြရာ ယခုတိုင်အောင် အသားမကျသေးဘဲ စာရိတ္တပျက်မှုတည်းဟူသော ဆူငြောင့်တွေသာ ပြန့််ကြဲ၍ နေပါတော့သည်။

No comments:

Post a Comment