လောဘသမားနှင့် အလောဘသမာတို့ ကွာခြားပုံ
လောဘ
သမားသည် ဘုန်းကြီးဖြစ်လျှ ပစ္စည်းလာဘ်ကို လိုချင်၏။ မိမိကို လှူချင်လာအောင် ဆွယ်တရားဟော၏။
ရပြန်လျှင်လည်း ထိုပစ္စည်းကို မလှူရက် မပေးရက် အလွန် မက်မော၏။ ထိုပစ္စည်းရမှုကို အကြောင်းပြု၍
အာဂငါပဲ ဟုစိတ်ကြီးဝင်လိုက်သေး၏။ လှူဒါန်းနိုင်သော ဒကာ ဒကာမများကို အောက်ကျို့၍ ဆက်ဆံရသဖြင့်
မိမိ၏ အောက်ကျပုံကိုကာ သတိမရရှာချေ။
လောဘ
သမားလူပုဂ္ဂိုလ်များလည်း ဤနည်းပင်တည်း။ ပစ္စည်းဥစ္စာကို တရားသည် မတရားသည် မစိစစ်နိုင်တော့ပဲ
မရမက ရှာဖွေလေ့ရှိ၏။ ရပြန်လျှင်လည်း တင်းမတိမ်နိုင် ရလေ လိုလေ အိုတစ္ဆေသာ ဖြစ်၏။ တစ်သက်လုံး
စု၍ ရသော ပစ္စည်းတွေကို ငါ့ဟာ ငါ့ဟာ ဟုလွန်စွာ စွဲလန်းနေ၍ သေမင်း ငင်သောအခါ ပြိတ္တာဘောင်သို့
ထိုဥစ္စာများကပင် ပို့ဆောင်တတ်သည် လောဘသည် ဤအခြေအနေရောက်အောင် ဆိုးရွားလှချေသည်တကား။
အလောဘကား
… ဤသို့မဟုတ် ဘုန်းကြီးဖြစ်လျှင် ပစ္စည်းကို မခင်မင် အဆင်သင့်ရသည်ကိုလည်း မသာယာ ဒကာ
ဒကာမတို့က ကုသိုလ်ရချင်၍ စွန့်ကြဲလိုက်သော စားလုံး စားပေါက်ကလေးများကို ဧရာမလာဘ်ကြီးဟု
ထင်ကြရာ၌ ဘုရားသာတော်အနေနှင့် စဉ်းစား၍ မကြည့်သေးဘဲ ယောက်ျားကောင်း တစ်ယောက်အနနှင့်
စဉ်းစားကြည့်ရုံမျှဖြင့် ရှက်ဖွယ်ကောင်းလှပြီဟု အယူရှိ၏။
ယောက်ျားကောင်း ဟူသည် မိမိကသာ သူတစ်ပါးတို့အား
ပေးကမ်းစွန့််ကြဲ သင့်သည်ဟု သဘောထားဟန် လက္ခဏာ ရှိသည်။ ထိုကြောင့် အလောဘဓာတ်ခံ ရှိသူသည်
ဘုန်းကြီးဖြစ်မူ ပစ္စည်း လာဘ်လာဘကို မက်မောခြင်း မရှိ။ လူဖစ်ပြန်လျှင်လည်း မလွဲသာ၍ ပစ္စည်းဥစ္စာကို
ရှာနေရစေကာမူ မတရားသဖြင့် ရှာဖွေခြင်း မရှိ။ လောကီအာရုံ ကာမဂုဏ်ကိုလည်း လိုက်စားလေ့မရှိ။
ပစ္စည်းရှာရာ၌ ဆင်းရဲသားတို့အပေါ် သနားညှာတာလေ့ ရှိ၏။
No comments:
Post a Comment