Tuesday, January 8, 2013

အပါဒါန်ပါဠိတော် မြန်မာပြန် ဖတ်ရှုခြင်း၏ ကောင်းမှုအကျိုးထူးများ


အပါဒါန်ပါဠိတော် မြန်မာပြန် ဖတ်ရှုခြင်း၏ ကောင်းမှုအကျိုးထူးများ

                        ဘုရား ပစ္စေက ဗုဒ္ဓါ အသျှင်သာရိပုတ္တရာစသော ပုဂ္ဂိုလ်ထူး ပုဂ္ဂိုလ်မွန်တို့သည် မည်သည့်အချိန် ကာလက မည်သို့သော ကောင်းမှုကိုပြု၍ မည်သို့ ဆက်လက်ကျင့်ဆောင်လာခဲ့ကြသဖြင့် မည်သို့သော အဆင့်အတန်း အထွက်အထိပ်သို့ ရောက်ရှိလာကြသည် စသော ဘ၀ဖြစ်စဉ် ဖြစ်ရပ် ကျင့်စဉ် ကျင့်ထုံးများကို ဤအပဒါန်ပါဠိတော် မြန်မာပြန် ကျမ်းစာအုပ်တွင် ကောင်စွာထင်ထင် စုံလင်စွာ တွေ့မြင်နိုင်သည်ဖြစ်ရာ ယင်းသို့တွေ့မြင်ရခြင်းဖြင့် သတ္ထရိ သပ္ပတိေဿာ ဟောတိ သဂါရဝေါ စသည်ဖြင့် ၀ိသုဒ္ဓိမဂ် အဋ္ဌကထာ ပထမတွဲ (၂၀၆)၌ ပြဆိုအပ်သော ရတနာသုံးပါး၌ အတိုင်းမသိ ကိုင်းရှိုင်းရိုသေခြင်း သဒ္ဓါတရားကြီးထွားခြင်း သတိအားကောင်းခြင်း ပညာဥာဏ်ပြန်ပြောခြင်း ကောင်းမှုတိုးပွားခြင်း ပီတိပါမောဇ္ဇ အားကြီးခြင်း အကြောက်အလန့် ကင်းစင်ခြင်း ဆင်ရဲခံနိုင်ရည်ရှိခြင်း ရတနာသုံးပါ အာရုံဖြင့် တမုဟုတ်မျှ ကင်းကွာမှုမရှိခြင်း ရတနာသုံးပါအားရုံဖြင့် ထုံထားသည့်ကိုယ် ခန္ဓာရှိသဖြင့် စေတီတော်မြတ် ကိန်းဝပ်ရာ ဂန္ဓကုဋိ တိုက်တော်ကဲ့သို့ အပူဇော်ခံထိုက်ခြင်း လွန်ကျူးအပ်သော ၀တ္ထုအာရုံမျိုးနှင့် တွေ့ဆုံကြုံကြိုက်လာချိန်တွင် ဘုရားစသော ပုဂ္ဂိုလ်တို့ မိမိရှေ့မှောက် ရောက်ရှိနေသည့်အလား ကျူးလွန်ရန် ရှက်ြော့က်သည့်စိတ်ဓာတ် မပြတ် ဖြစ်ပေါ်လာခြင်း ထိုပုဂ္ဂိုလ်ထူးများ ရရှိအပ်သော ဂုဏ်ထူးဝိသေသကို ၎င်းတို့ကဲသို့ ရရှိလိုသောဆန္ဒ ပြင်းပြစွာ ဖြစ်ပေါ်ခြင်း စသော မြောက်မြားစွာသော အကျိုးများကို လက်ငင်း ရရှိခံစားရမည် ပြင် ထိုပုဂ္ဂိုလ်ထူး အာဇာနည်တို့သို့ အတုလိုက် ကျင့်ကြံခြင်းဖြင့် ယင်းပုဂ္ဂိုလ်တို့ကဲ့သို့ ထူးချွန်သော ဂုဏ်ထူးဝိသေသများကို ရရှိပြီးလျှင် သံသရာဤမှ ဘက်ကမ်းမှ နိဗ္ဗာန်တည်းဟူသော ထိုမှာဘက်ကမ်းသို့ တက်လှမ်းကူခပ်နိုင်မှု ဖြစ်နိုင်ပေရကား အထက်တန်းကျကျ များနှာပန်းလှလှဖြင့် နိဗ္ဗာန်ကူးလိုသူ အမျိုးကောင်းသားသမီး သူတော်စင်တို့သည် အပဒါန်ပါဠိတော် မြန်မာကျမ်းကြီးကို အဖန်ဖန် အထပ်ထပ် သုံးသပ်လေံလာကြရန် အထူးသင့်လျှော်လှပေသည်။
မကောင်းမှု ဟူသည်
စိတ်ကွယ်ရာမရှိ
ငါ၏အမှားအမှန်ကို
လမ်းပြညွှန်သူသည်
ငါ့မိ ငါ့ဖ ငါ့ဆရာနှင့်
ပတ်ဝန်းကျင်သာ ဖြစ်၏