Wednesday, August 29, 2012

ယဉ်ကျေးမှု အောင်လက်မှတ် ပေးအပ်ပွဲ




တရားများများနာ ဘာသာရေးစာပေ များများဖတ်


တရားများများနာ ဘာသာရေးစာပေ များများဖတ်
မူလပဏ္ဏာသ (၃၆၈ ဋ္ဌ-၂-၂၄၆) “တရားနာရမှု ကင်းလျှင် (ဗုဒ္ဓ ပစ္စေကဗုဒ္ဓမှ တစ်ပါး)” မည်သူမျှ သမ္မာဒိဋ္ဌိ အမြင်မှန်သူ အယူမှန်သူ မဖြစ်ဟု ပြဆိုထားသည်။
ထိုအချက်ကို ထောက်ဆ၍ ပြောရလျှင် “ယခုအခါ၌ တရားမနာ ဗုဒ္ဓစာပေ မဖတ်ဘဲ မည်သူမျှ ဗုဒ္ဓဘာသာ ကောင်းတစ်ယောက် မဖြစ်နိုင်ပါ”ဟု ဆိုရပေမည်။
အခြားသော ဘာသာဝင်တို့သည် သူတို့ ဘုရားတစ်မျိုးကိုသာ ကိုးကွယ်ကြသည်။ဘာကြောင့်နည်း စာဖတ် ကြလို့ ဖြစ်တယ်ဟု ဆိုရပေမည်။ ဗုဒ္ဓဘာသာမှာ ဘာသာရေးစာအုပ်တို့ များစွာရှိသော်လည်း စာဖတ်သူ နည်းပါသည်။ စာမဖတ်သဖြင့် စဉ်းစားဆင်ခြင်နိုင်မှု နည်းနေကြသည်။အခြေခံမခိုင်ဖြစ်နေကြသည်။ ထို့ကြောင့် “ဗုဒ္ဓဘာသာဝင်တို့ စာဖတ်ကြစေလိုသည်။ တရားများများနာစေလိုပါသည်။”(ဘိုကလေး --အရှင်ပဏ္ဍိတ ဓမ္မရံသီ)

အန္တရာယ်


အန္တရာယ်
မိမိတို့ ကိုးကွယ်သည့်ဘာသာ၏ အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ရကောင်းမှန်း မသိရုံသာမကဘဲ အန္တရာယ်ကို လက်ယပ်ခေါ် နေသူများကလည်း မရှားလှပေ။ ရွာကြီးတစ်ရွာ၏ ရွာလယ်ပိုင်းတွင် စူဠာမဏိ ဘုရားကြီးရှိပါသည်။ ကျယ်ဝန်းသော ဘုရားပရဝုဏ်အင်္တင်း၌ ပွဲကခြင်း ရုပ်ရှင်ပြသခြင်း ပြုလုပ်လေ့ရှိသည်။ သွားရေးလာရေး ကောင်းမွန်သဖြင့် ပွဲလမ်းလုပ်တိုင်း စည်ကားလှသည်။
တစ်နေ့တွင် အခမဲ့ ရုပ်ရှင်ပြသည်ဆိုသဖြင့် တစ်ရွာလုံးကျွတ်ကြည့်ကြသည်။ ပြသသည့် ရုပ်ရှင်ကားမှာ တခြားဘာသာဝင်တို့၏ စည်းရုံးရေး ရုပ်ရှင်ကားဖြစ်၏။ ရုပ်ရှင်ပြအပြီး ပြန်အထွက်တွင် သူတို့၏ ဘာသာရေး စာစောင်များပင် ဝေငှလိုက်သေးသည်။
ဗုဒ္ဓဘာသာ ဘုရားပရိဝုဏ်အတွင်း၌ ဤသို့ ပြုလုပ်ခွင့်ပေးခဲ့ခြင်းမှာ အန္တရာယ်ကို လက်ယပ်ခေါ်သည်သာ ဖြစ်တော့သည်။ အားနာစရာမလို။အားနာလျှင် ခါးပါတော့မည်။ တခြားဘာသာဝင်တို့သည် မိမိတို့၏ အသိုင်းအဝိုင်းထဲသို့ ဗုဒ္ဓဘာသာဝင်များအား ဤသို့ ဝင်ရောက်စည်းရုံးခွင့်ပေးမည်မဟုတ်ကြောင်း သိထားသင့်ပါသည်။
(ဦးသုနန္ဒ ဓမ္မရံသီ)

မျက်စိဖွင့်ပေးတော်မူကြပါ


မျက်စိဖွင့်ပေးတော်မူကြပါ
တပည့်တော်တို့ ဗုဒ္ဓဘာသာဝင်တွေက အခမ်းအနားတွေ ပွဲလမ်းသဘင်တွေ အပျော်အပါးတွေနဲ့ ကိုယ့်ဘာသာရေးကို ကိုယ်အချိန်ကုန်နေဆဲပဲ ရှိပါတယ်။ အရှင်ဘုရားများ ကိုယ့်ရပ် ကိုယ့်ဒေသ ကိုယ့်ဒကာ ဒကာမ ကိုယ့်ကျောင်းသား ကျောင်းသူလေးတွေကို တတ်နိုင်တဲ့နည်းနဲ့ မျက်စိဖွင့်ပေးတော်မူ ကြပါဘုရား။ အချိန်အခါ ကျရောက်နေပါပြီ။
(နိုင်ငံတော် ပရိယတ္တိသာသနာ့တက္ကသိုလ် ညွှန်ကြားရေးမှူး)