အန္တရာယ်
မိမိတို့
ကိုးကွယ်သည့်ဘာသာ၏ အန္တရာယ်ကို ကာကွယ်စောင့်ရှောက်ရကောင်းမှန်း မသိရုံသာမကဘဲ
အန္တရာယ်ကို လက်ယပ်ခေါ် နေသူများကလည်း မရှားလှပေ။ ရွာကြီးတစ်ရွာ၏ ရွာလယ်ပိုင်းတွင်
စူဠာမဏိ ဘုရားကြီးရှိပါသည်။ ကျယ်ဝန်းသော ဘုရားပရဝုဏ်အင်္တင်း၌ ပွဲကခြင်း
ရုပ်ရှင်ပြသခြင်း ပြုလုပ်လေ့ရှိသည်။ သွားရေးလာရေး ကောင်းမွန်သဖြင့်
ပွဲလမ်းလုပ်တိုင်း စည်ကားလှသည်။
တစ်နေ့တွင်
အခမဲ့ ရုပ်ရှင်ပြသည်ဆိုသဖြင့် တစ်ရွာလုံးကျွတ်ကြည့်ကြသည်။ ပြသသည့် ရုပ်ရှင်ကားမှာ
တခြားဘာသာဝင်တို့၏ စည်းရုံးရေး ရုပ်ရှင်ကားဖြစ်၏။ ရုပ်ရှင်ပြအပြီး ပြန်အထွက်တွင်
သူတို့၏ ဘာသာရေး စာစောင်များပင် ဝေငှလိုက်သေးသည်။
ဗုဒ္ဓဘာသာ
ဘုရားပရိဝုဏ်အတွင်း၌ ဤသို့ ပြုလုပ်ခွင့်ပေးခဲ့ခြင်းမှာ အန္တရာယ်ကို လက်ယပ်ခေါ်သည်သာ
ဖြစ်တော့သည်။ အားနာစရာမလို။အားနာလျှင် ခါးပါတော့မည်။ တခြားဘာသာဝင်တို့သည်
မိမိတို့၏ အသိုင်းအဝိုင်းထဲသို့ ဗုဒ္ဓဘာသာဝင်များအား ဤသို့
ဝင်ရောက်စည်းရုံးခွင့်ပေးမည်မဟုတ်ကြောင်း သိထားသင့်ပါသည်။
(ဦးသုနန္ဒ
ဓမ္မရံသီ)
No comments:
Post a Comment