Wednesday, August 29, 2012

တရားများများနာ ဘာသာရေးစာပေ များများဖတ်


တရားများများနာ ဘာသာရေးစာပေ များများဖတ်
မူလပဏ္ဏာသ (၃၆၈ ဋ္ဌ-၂-၂၄၆) “တရားနာရမှု ကင်းလျှင် (ဗုဒ္ဓ ပစ္စေကဗုဒ္ဓမှ တစ်ပါး)” မည်သူမျှ သမ္မာဒိဋ္ဌိ အမြင်မှန်သူ အယူမှန်သူ မဖြစ်ဟု ပြဆိုထားသည်။
ထိုအချက်ကို ထောက်ဆ၍ ပြောရလျှင် “ယခုအခါ၌ တရားမနာ ဗုဒ္ဓစာပေ မဖတ်ဘဲ မည်သူမျှ ဗုဒ္ဓဘာသာ ကောင်းတစ်ယောက် မဖြစ်နိုင်ပါ”ဟု ဆိုရပေမည်။
အခြားသော ဘာသာဝင်တို့သည် သူတို့ ဘုရားတစ်မျိုးကိုသာ ကိုးကွယ်ကြသည်။ဘာကြောင့်နည်း စာဖတ် ကြလို့ ဖြစ်တယ်ဟု ဆိုရပေမည်။ ဗုဒ္ဓဘာသာမှာ ဘာသာရေးစာအုပ်တို့ များစွာရှိသော်လည်း စာဖတ်သူ နည်းပါသည်။ စာမဖတ်သဖြင့် စဉ်းစားဆင်ခြင်နိုင်မှု နည်းနေကြသည်။အခြေခံမခိုင်ဖြစ်နေကြသည်။ ထို့ကြောင့် “ဗုဒ္ဓဘာသာဝင်တို့ စာဖတ်ကြစေလိုသည်။ တရားများများနာစေလိုပါသည်။”(ဘိုကလေး --အရှင်ပဏ္ဍိတ ဓမ္မရံသီ)

No comments:

Post a Comment