Wednesday, December 5, 2012

လုံ့လရှိသူအဖို့ လောကကြီးဟာ ပျော်စရာ


လုံ့လရှိသူအဖို့ လောကကြီးဟာ ပျော်စရာ
ရှေးကံ၏ အကျိုးပေးကို အလေးဂရု မမျှော်လင့်ဘဲ လောကီ လောကုတ္တရာ ဆိုင်ရာ၌ အသိအလိမ္မာ ဥာဏ်ပညာ တိုးပွားအောင် ကြိုးစား၍ ကိုယ့်နှင့် ထိုက်တန်သော လုံ့လကို အသုးချပါမူ ကျက်သရေ မင်္ဂလာ အလိုအလျောက် ပေါ်ပေါက်လာပါလိမ့်မည်။
ကံအကျိုးပေးခွင့်ရအောင် ဥာဏ် ၀ီရိယသာမက ထိုထိုကိစ္စ၌ အမြဲနေရာ နိဗ္ဗာန်ကိုပင် မြော်မြင်မှန်းဆ၍ မရ ရအောင် အားထုတ်ကြကုန်သေး၏။ ယခုဘ၀ ကြီးပွားရေး စီးပွားရေး ပညာရေးလောက်ကို ပဇာမူ၍ ကြောက်ရမည်နည်း။
လုံ့လ၀ီရိယ ကင်း၍ အဖျင်းစား အပေါစား လုပ်နေသော်လည်း ဤခန္ဓာကိုယ့်ကြီး ပို၍ မကျန်းမာ ပို၍ အသက် မရှည်တော့ပြီ။ စင်စစ်သော်ကား ပျင်းနေသည့်အတွက် ခန္ဓာကိုယ်မှ အခိုးငွေ့တွေ အပြင်သို့ မထွက်ရသောကြောင့် အေးစက်စက် ဖြစ်ကာ ပို၍ မကျန်းမမာ ဖြစ်သေး၏။ ထိုမကျန်းမမာမှုကြောင့် အပျင်းထူသူမှာ အသက်တိုဖွယ်သာ များ၏။ ပျင်း၍ အလုပ် မလုပ်သူသည် သာ၍ ပျင်စရာ ဖြစ်နေပါလိမ့်မည်။ လုံ့လ၀ီရိယ မှန်မှန်ဖြင့် အလုပ်လုပ်နေသူကို လူတွေကလည်း ကြည်ညို နတ်တွေကလည်း စောင့်ရှောက်လိ၏။ ရှေးကံတွေကလည်း အကျိုးပေးခွင့် သာ၍ လှလှပပ အကျိုးပေးကြသည်။ ထို့ကြောင့် လုံ့လရှိသူတို့ အဖို့မှာ လောကကြီး၌ ပျော်စရာကိုသာ တွေရပါလိမ့်မည်။
တစ်နေ့အဖို့ ကုသိုလ် ဥစ္စာ ကျန်းမာရေး အတတ်ပညာ တန်ခိုး ဂုဏ်သိန် ဤငါးမျိုးတွင် တစ်မျိုးမျိုးမှ အကျိုးမရဘဲ ကုန်သွားသော နေ့သည် ၀မ်းနည်းစရာ လွန်စွာ အသုံးမကျ အသေခင်က အသေဖြစ်ရသော နေပင်တည်း။

No comments:

Post a Comment