ပကာသန အလှူကြီးများကြောင့် သာသနာ မကြီးပွား
ဘုန်ကြီးဝါဒမှာ
နေ့စဉ် စိတ်ကောင်းထား၍ နေ့စဉ် ဒါန၀တ်နှင့် ကိုယ်ကျင့်သီလကောင်းခြင်းကိုသာ အရာရာဝယ်
သာယာ အေးမြလျက် နောက်ဘ၀၌ မုချ ဂတိကောင်းကြောင်းအလုပ် ဖြစ်၏။ဟု ယူဆပါသည်။ ပကာသနများစွာဖြင့်
ဒါန အကြီးအကျယ် ပြုမှုများကို အနှစ်အသားဟု မမှတ်ထင်သည့် အပြင် လူအများ၏ ကိုယ်ကျင့်ပျက်ကြောင်း
ရဟန်းတော်များ အလုပ်ပျက်ကြောင်းဟုသာ ထင်ပါသည်။ ရှင်းပြပါဦးအံ့၊ သားရှင်ပြုကိစ္စ၌ ဂုဏ်အသရေရှိ
လူကြီးလူကောင်းတို့ကား ထိုကဲ့သို့သော အစာကို စားနေကျ ဖြစ်၏။ ဖိတ်လို့သာ အားနာ၍ သွားရသည်။
အလုပ်ကိစ္စတန်းလန်းနှင့် မအားကြ။ ကျွေးမွေးရာ၌ ကုန်သောငွေလည်း မနည်းလှ။ စားရသူတို့ကလည်း
မလွှဲသာ၍ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုတ်ကြီး ရနိုင်ပါမည်နည်း။ ထိုအပေါ်မှာ ဂုဏ်ဖော်ချင်သော
စိတ်ကောက် ကလေးက ပါချေသေး၏။
ဘုန်းကြီးပင့်ရာမှာလည်း
မပါမကောင်းသော ဘုန်းကြီးပေါင်းများစွာကို ပင်ရပြန်၏။ ထိုဘုန်းကြီးများ မှာလည်း ပရိယတ်
ပဋိပတ် အလုပ်ဖျက်ကာ အလှူရှိရာ ကျောင်းသို့ သွား၍ နေကြရ၏။ နောက်ပါ ကျောင်းသားတို့လည်း
စာသင်ပျက်ကြ၏။
သို့ဖြစ်လျှင်
ရာပေါင်း ထောင်ပေါင်းများစွာ အကုန်အကျခံ ပြုကြသော သားရှင်ပြု သမီးနာသ အလှူဒါနကြီးသည်
သာသနာကြီးပွားရေးကို အဘယ်နည်းဖြင့် အားပေးရာ ရောက်တော့မည်နည်း။
တစ်ချို့ရပ်ရွာ၌ မလှူမီ ကြိုတင်၍ ၀က်သာ
မည်မျှ ပေးပါ အမဲသား မည်မျှ ပေးပါ ဟုဆိုင်ရာသို့ အမိန့်ပေးထားကြ၏။ ဆိုင်ရာကလည်း အလှူရက်ရောက်မှ
ဝက်နှင့်နွားကို သတ်ဖြတ်၍ လောလော လတ်လတ် အသားတွေကို ဒါနရှင် အလှူ့ဒကာလက်သို့ ပို့ဆက်ကြတော့၏။
ဤမျှလောက် ပျက်စီးနေသည်ကို အဘယ်မှာလျှင် မပြုပြင်ဘဲ နေထိုက်တော့မည်နည်း။
No comments:
Post a Comment