ဘုန်းတော်ကြီး၏ အရည်အချင်း
၁။ မျက်စိ
နား နှာ အင်္ဂါ
ခြေလက်
ချို့ယွင်းမှု
မရှိခြင်း
၂။ ပင်ကိုအားဖြင့်
ကျန်းမာရေး
ပြည့်စုံခြင်း။
၃။ လေ့ကျင့်သင်ကြားထားသောအားဖြင့် ကျန်းမာရေးကို နားလည်ခြင်း။
၎။ ကျောင်းထိုင်အင်္ဂါနှင့်ညီအောင် ၀ိနည်းတော်ကို သင်ကြားပြီးခြင်း။
၅။ ငါးဝါအထက်
ဝါရပြီးဖြစ်ခြင်း၊
ငါးဝါမရသေလျှင်
ဝိနည်းနားလည်သော်လည်း
ဆရာကြီးမရှိပဲ
မနေကောင်း၊
ငါးဝါရပြီး
ဝိနည်းကိုလည်း
နာလည်းမှ
မိမိဘာသာ
နေကောင်းသည်။
(ဆယ်ဝါ
မပြည့်သေးလျှင်
ရဟန်းသာမဏေမထား
ကောင်းသေး)
၆။ လောကကြီးပွားရေးကို
ပြသော
ဘုရားဟော
တရားတော်များနှင့်
ခေတ်အလိုက်
ပေါ်လာသော
စာအုပ်များကို
ဖတ်ကာ
ထိုစာအုပ်များ၏
စာကြည့်တိုက်
(စာကြည့်ဖို့နေရာ)
တည်ထောင်နိုင်ခြင်း။
၇။ ကလေးများအား
အစိုးရပြဋ္ဌာန်ထားသော
မူလတန်းပညာကို
သင်ကြားပေးနိုင်ခြင်း။
(ထိုသို့
သင်ကြားပေးနိုင်ရန်
မိမိက
အတန်းပညာကို
လေ့လာတတ်သိပြီး
ဖြစ်ရမည်)
၈။ မိမိအတွက်
ဂုဏ်လာဘ်ကို
မလိုလားဘဲ
ကုသိုလ်ပါရမီကိုသာ
လိုလားခြင်း။
၉။ မိမိနေရာ
ရွာသူရွာသားတို့အပေါ်တွင်
(ဆွေမျိုးများပါဝင်သော
အလုပ်ကိုပင်)
အဂတိ
မလိုက်စားဘဲ
ထပ်တူညီမျှ
သဘောထားနိုင်အောင်
မေတ္တာဘာဝနာကို
နေ့စဉ်
ပွားများခြင်း။
၁၀။ ဗုဒ္ဓမြတ်စွာ၏
သာသနာတော်ကို
မကွယ်ပစေလို
ကျက်သရေရှိရှိ
တည်စေလိုသော
ကောင်းသောဆန္ဒ
အမြဲရှိအောင်
(ဘုရားရှင်၏
အကြောင်းအရာကို)
မှတ်ခြင်း
ဖတ်ခြင်း
နှင့်တကွ
ဗုဒ္ဓနုဿတိဘာဝနာ
ပွားခြင်း။
၁၁။ ထိုရွာတွင်
မိမိကျောင်းမှတစ်ပါ
အခြားကျောင်းများ
ရှိသေးလျှင်
ထိုကျောင်းဘုန်း
တော်ကြီးများနှင့်
ဆန့်ကျင်ဘက်
မဖြစ်စေဘဲ
ရင်းနှီး
ခင်မင်အောင်
ပြောဆို
နေထိုင်
တတ်ခြင်း။
၁၂။ အခြားကျောင်းက
ကလေးများကို
မိမိကျောင်းသို့
ရောက်လာအောင်
သွေးမဆောင်ရခြင်း။
၎င်းအချက်များကာ ရွာကျောင်းဘုန်းတော်ကြီးအတွက် ရှိသင့်သော အရည်အချင်း များတည်း။
No comments:
Post a Comment