Monday, November 19, 2012

ကိုယ်ကျင့်သီလ ပဓာနပါ ဒါနက နောက်လိုက်မျှသာ


ကိုယ်ကျင့်သီလ ပဓာနပါ ဒါနက နောက်လိုက်မျှသာ

           မြန်မာလူမျိုးများဟာ တစ်မူရလို့ တစ်ပဲလှူ ဆိုတဲ့ လူမျိုးများနဲ့ အရင်းအဖျားသာ ကွဲတာမို့ ဒါနကိစ္စမှာ အလွန်ဇွဲသန်ကြပါတယ်။ ဒါနကိစ္စ ဇွဲသန်ကြတော့ ကိုယ့်ကျင့်သီလကို ထိန်းသိမ်းမှု နည်းပါနေပါတယ်။ အမှန်ကတော့ ဒီဘ၀မှာ လူကောင်း သူကောင်း ဖြစ်ဖို့ရော နောက်ဘ၀မှာ လားရာဂတိကောင်းဖို့ရော ကိုယ်ကျင့်သီလက ပဓာနဖြစ်ပါတယ်။ သီလကြောင့် ကောင်းတဲ့ဂတိ ကောင်းတဲ့ဘ၀ရောက်မှ ဒါနက နောက်လိုက်အဖြစ်နဲ့ အကျိုးပေးနိုင်တာပါ။

   ဆွမ်းတစ်အုပ် လှူဖူး ပန်တစ်ပွင့် လှူးဖူးလို့ အပါယ် မလားခဲ့ရဘူးဆိုတဲ့ သူတော်ကောင်များလည်း ထိုအလှူကြောင့်သာ မကပါဘူး အခြေခံ ငါးပါးသီလကလည်း မပျက်ကြလို့ သုဂတိဘ၀ကိုရတာပါ။ အဲဒီလိုရတဲ့အခါ သူတော်ကောင်းနဲ့ ပေါင်းရပါလိမ့်မယ်။ အဲဒီလို နောက်ထက် နောက်ထက် ကုသိုလ်တွေက တိုးတိုးနေလို့ အပါယ်မလားရဘဲ ဘုရားနဲ့ တွေ့တဲ့အခါ တရားထူးရ၍ နိဗ္ဗာန်အထိ အကျိုးရတာ ဖြစ်ပါတယ်။ အဲဒီ အကျိုးရဲ့ အရင်းအမြစ်က ဆွမ်းအလှူ ပန်းအလှူ ဖြစ်လို့ ဆွမ်းတစ်အုပ် အလှူကြောင့် ပန်တစ်ပွင့် အလှူကြောင့် အပါယ်မလားဘဲ နိဗ္ဗာန်ရတယ်လို့ ဥဒါန်းတွင်လာတာ ဖြစ်ပါတယ်။

   ဒီဘ၀မှာ ငါးပါးသီလမှ မလုံဘဲ ဒုစရိုက်ဆယ်ပါးမှ မရှောင်ဘဲနဲ့ ပါဏာတိပါတဖြစ်စေ ကာမေသုမိစ္ဆာ စာရဖြစ်စေ မုသာဝါဒ တစ်ခုခုဖြစ်စေ မရှောင်ဘဲ ကျောင်းကြီးဆောက် ဘုရားတည် အလှူကြီး ပေးနေသူဟာ သေခါနီးမှာ ထိုကုသိုလ် အကုသိုလ် နှစ်မျိုးထင်လာရင် စိတ်ကြည်နိုင်ပါမလား။ စိတ်မကြည်ရင် ပြုပြင်ပေးနိုင်သူလည်း မရှိခဲ့သော် ဧကန် အပါယ်သွားရမှာပဲ။ အလှူကြီးတွေက မကယ်နိုင်ပါဘူး။

No comments:

Post a Comment