ဘုန်းတော်ကြီးရှာပါ
မိမိတို့ရပ်ရွာတွင် ကလေးများအား
စာပေသင်ပြကာ
လူကြီးများကိုလည်း
ထိုက်တန်သမျှ
သြ၀ါဒပေးမည့်သူကို
စဉ်းစားလျှင်
ပထမဆုံး
မိမိတို့
ရပ်ရွာဝယ်
ရှိပြီးသော
ဘုန်းတော်ကြီး
(သို့မဟုတ်) ဘုန်တော်ကြီး၏
လက်ထောက်တစ်ပါးပါးကို
စဉ်းစားပါ။
ထိုပုဂ္ဂိုလ်မျိုးရလျှင်
အကောင်းဆုံးဖြစ်သည်။
ထိုသို့
မရနိုင်လျှင်
ကိုးကွယ်နေကျ
ဆရာဘုန်းကြီးများနှင့်
တိုင်ပင်ပြီး
မိမိတို့နယ်မှ
ပုဂ္ဂိုလ်ကို
ရအောင်ပင့်ပါ။
ထိုသို့
နယ်မှ
ပုဂ္ဂိုလ်မရမှသာ
တခြားပုဂ္ဂိုလ်ကို
ပင်ဖို့ရာ
ထိုအချိန်တွင်
ရှိနေလောက်သော
သာသနာပြု
ပင်ရင်းဌာနသို့
တောင်းပါ။
ထိုသို့
မစိစစ်
မစဉ်းစားဘဲ
အလွယ်တကူ
ဘုန်းကြီးတစ်ပါးအသစ်
ကိုးကွယ်
မူကို
မည်သည့်နည်းနှင့်မျှ
မပြုထိုက်ပါ။
လူဝတ်ကြောင်သည်
ဓာတ်မသိသော
ပုဂ္ဂိုလ်
တစ်ယောက်၏အကြောင်းကို
မသိနိုင်ပါ။
ကြာကြာပေါင်းမှသိ။ ။ ရဟန်းဖြစ်စေ
လူဝတ်ကြောင်ဖြစ်စေ
လူတစ်ယောက်၏အကြောင်း
ရက် လ အနည်းပေါင်းရုံဖြင့်
မသိနိုင်။
အတော်ကြာကြာ
ပေါင်းမှ
သိနိုင်သည်။
အခါတစ်
ပါး မြတ်စွာဘုရားသည်
ဇေတ၀န်ကျောင်းတော်၏
တံခါးမုခ်တွင်
လမ်းလျှောက်ရာမှ
ခေတ္တနားနေစဉ်
ကောသလမင်းသည်
ဘုရားထံသို့
ရောက်လာ၏။
ထိုအခိုက်
ရသေ့
ပရိဗိုဇ်
စသူတို့သည်
ဘုရားရှင်၏
မလှမ်းမကမ်းဖြစ်သော
လမ်းတွင်
သွားလာကြသည်။
ထိုအခါ
မင်းသည်
ဘုရားရှင်၏
အနီးမှ
ထသွားပြီး
ဒူးထောက်ပြီးကာ
ထိုရသေ့
ပရိဗိုဇ်
တို့အား
လက်အုပ်ချီမိုး
ရှိခိုးလေသည်။
ထိုသို့
ရှိခိုးပြီး
ဘုရားထံသို့
ပြန်လာကာ “ထိုသူတို့
လည်း
ရဟန္တာပုဂ္ဂိုလ်
(သို့မဟုတ်) ရဟန္တာဖြစ်အောင်
ကျင့်သော
ပုဂ္ဂိုလ်များတွင်
အပါ အ၀င်
ဖြစ်ကြပါတယ်“
ဟုလျှောက်လေသည်။
ထိုအခါ ဘုရားရှင်က
ပြန်လည်မိန့်တော်မူသည်မှာ
“မင်းကြီး ….ကာမဂုဏ်စည်းစိမ်နှင့်
နေသူ
လူဝတ်ကြောင်က
“ရဟန္တာဟုလည်းကောင်း၊
ရဟန္တာဖြစ်အောင်
ကျင့်နေသူဟု
လည်းကောင်း“ သိဖို့ရန်
မလွယ်ကူ၊
ပုဂ္ဂိုလ်တစ်ယောက်၏
အကျင့်သီလကို
ကြာကြာ
ပေါင်းကြည့်မှ
သိနိုင်သည်။
ခဏကလေးဖြင့်
မသိနိုင်၊
ကြာကြာပေါင်းသော်လည်း
သူအကြောင်းကို
သတိထားကြည့်မှ
သိနိုင်သည်။
သတိမထားဘဲ
ပေါင်းရုံသာ
ပေါင်းနေ
လျှင် (ဘယ်လောက်ကြာကြာ)
မသိနိုင်။
မစဉ်းစား
မဝေဖန်တတ်လျှင်
မသိနိုင်။“ ထိုသို့
မိန့်တော်မူ၏။
ထိုအခါ မင်းကြီး
ဝန်ခံသည်မှာ
“ကြာကြာပေါင်းမိမှ
သတိလည်းထားမှ
စဉ်းစားဝေဖန်
တတ်သောဥာဏ်လည်းရှိမှ
ပုဂ္ဂိုလ်တစ်ပါး၏
သီလအကျင့်ကောင်း
မကောင်း
သိနိုင်သည်
ဟု မိန့်တော်မူသည်မှာ
မှန်ပါပေသည်ဘုရား။
ယခုတွင်
ဒကာတော်
အရိုအသေ
ပေးလိုက်သော
ရသေ့
ပရိဗိုဇ်များသည်
ဒကာတော်၏
သူလျှို
စုံထောက်များ
ဖြစ်ကြ
ပါသည်။
အမြို့မြို့
အပြည်ပြည်မှ
ထောက်လှန်းလာပြီး
ပြန်လာကြပါသည်။
ဒကာတော်
ထိုသို့
အရိုအသေ
မပြုလျှင်
သူတို့
တွေ့မြင်ခဲ့သမျှတွေကို
အကုန်မပြောဘဲ
ချန်ထားပါ
လိမ့်မည်။
ထိုကြောင့်
အရိုအသေ
ပြုရပါသည်ဟု
လျှောက်လေသည်။
(ကသပသံယုတ်
ဒုတိယ၀ဂ်)
မှတ်ချက် ၎င်းတရားတွင်….
၁။ ရဟန်းသံဃာ၏
သီလ သမာဓိ
ရှိ-မရှိကို
လူဝတ်ကြောင်များက
သိဖို့
မလွယ်ကူကြောင်း။
၂။ လူဝတ်ကြောင်ဖြစ်စေ
ရဟန်းသံဃာဖြစ်စေ
ထိုသူ့အကြောင်းကို
ဥာဏ်ရှိပြီး
သတိထားသူပင်
ဖြစ်သော်လည်း
ကြာကြာပေါင်းမိမှ
သိနိုင်ကြောင်း။
၃။ ရှေးမင်းတို့
လက်ထက်ကပင်
စုံထောက်ထားလေ့ရှိကြောင်း။
၎။ ယခုအခါ
အပြစ်မလွတ်သော
အလုပ်အကိုင်
အပြောအဆိုများကို
သူစိမ်း
မသိစေထိုက်ကြောင်း
မှတ်သားကာ
သတိထားကြပါလေ။
No comments:
Post a Comment