Monday, November 19, 2012

သောတာပန်


သောတာပန် ဖြစ်ခြင်းအကြောင်း

၁။ သူတော်ကောင်းတို့ကို ပေါင်းသင်းဆည်းကပ်ခြင်း။
၂။ သူတော်ကောင်းတရားကို ကြားနာခြင်း။
၃။ ကောင်းသော နှလုံးသွင်းရှိခြင်း။
၎။ လောကုတ္တရာတရားနှင့် သင့်လျော်သော အကျင့်ကို ကျင့်ခြင်း။
၎င်းလေးပါသည် သောတာပတ္တိမဂ်ကို ရခြင်း (သောတာပန်ဖြစ်ခြင်း) ၏အကြောင်းများ ဖြစ်သည်။      (သောတာပတ္တိသံယုတ် မဟာဝဂ္ဂပါဠိတော်)

သောတာပန်၏ အင်္ဂါ

သောတာပန်ဖြစ်သူ ဟုအသိအမှတ်ပြုဖို့ရာ အင်္ဂါလက္ခဏါသည်
၁။ ဘုရားရှင်ကို ဥာဏ်ဖြင့် စူစိုက်ကာ ကြည်ညိုခြင်း။
၂။ ဘုရားရှင်၏ ဟောအပ်သော တရားတော် မဂ်ဖိုလ် နိဗ္ဗာန် တရာတော်ကို ဥာဏ်ဖြင့် စူးစိုက်ကာ ကြည်ညိုခြင်း။
၃။ အရိယာဖြစ်ပြီးသော ရဟန်းသံဃာတော်တွင် ဥာဏ်ဖြင့် စူးစိုက်ကာ ကြည်ညိုခြင်း။
၎။ ငါးပါးသီလ မပြတ် အကျိုး မညှိုးနွမ်းဘဲ သမာဓိ၏ အခြေခံအဖြစ်ဖြင့် တည်ရှိခြင်း
၎င်းလေးပါသည် သောတာပန်၏ အင်္ဂါလက္ခဏာများတည်း
(သောတာပတ္တိသံယုတ်ပါဠိတော် မဟာဝဂ္ဂ)

No comments:

Post a Comment