Tuesday, October 30, 2012

ပါရမီ ၁၀ ပါး

(၁) ဒါနပါရမီ -

မိမိပိုင်သက်ရှိသက်မဲ့ ပစ္စည်းများကို သူတစ်ပါးအား လှူဒါန်းပေးကမ်းစွန့်ကြဲမှုကို ဖြည့်ကျင့်ခြင်း။


(၂) သီလပါရမီ -

အကုသိုလ်မဖြစ်အောင် ကိုယ်နှုတ်တို့ကို စောင့်ထိန်းခြင်း၊တနည်းအားဖြင့် ငါးပါးသီလ ၊ ရှစ်ပါး သီလ စသည့် စောင့်ထိန်းမှုကို ဖြည့်ကျင့်ခြင်း။

(၃) နေက္ခမ္မပါရမီ -

လောကီအာရုံ ကာမဂုဏ်များကို မစုံမက်ဘဲစွန့်ခွါ၍ တစ်ကိုယ်တည်း ရသေ့ရဟန်းပြုလိုခြင်း (တောထွက်ခြင်း)အမှုကို ဖြည့်ကျင့်ခြင်း။

(၄) ပညာပါရမီ -

ဥာဏ်ပညာတိုးပွားရင့်ကျက်မှုကို ဖြည့်ကျင့်ခြင်း။

(၅) ၀ီရိယပါရမီ -

ဇွဲလုံ့လစွမ်းပကားကြီးမားစေရန် မတွန့်မဆုတ်အားထုတ်မှုကို ဖြည့်ကျင့်ခြင်း။

(၆) ခန္တီပါရမီ -

သည်းခံခွင့်လွှတ်မှုကို ဖြည့်ကျင့်ခြင်း။

(၇) သစ္စာပါရမီ -

အမှန်အတိုင်းပြောဆို၍ ပြောသည့်အတိုင်း လိုက်နာပြုကျင့်မှုကို ဖြည့်ကျင့်ခြင်း။

(၈) အဓိဋ္ဌာန်ပါရမီ -

စိတ်ဆုံးဖြတ်ထားသည့်အတိုင်း ခိုင်မြဲစွာ လိုက်နာကျင့်သုံးမှုကို ဖြည့်ကျင့်ခြင်း။

(၉) မေတ္တာပါရမီ -

သူတစ်ပါးကြီးပွားချမ်းသာစေလိုသော စိတ်ထားရှိမှုကို ဖြည့်ကျင့်ခြင်း။

(၁၀) ဥပေက္ခာပါရမီ -

သူတစ်ပါးအား မုန်းလည်းမမုန်း ၊ ချစ်လည်းမချစ် ၊ဘက်မလိုက် မျှမျှ တတ အလယ်တည့် မတ်သော စိတ်ထားရှိမှုကို ဖြည့်ကျင့်ခြင်း။

ပါရီမီ ၁၀-ပါး၊အပြား-၃၀

မိမိခန္ဓာကိုယ် နှင့် ဆက်စပ်မှုမရှိဘဲ သား၊မယား၊ရွှေ၊ငွေ အစရှိသော သက်ရှိ သက်မဲ့ ပစ္စည်းများကို စွန့်လွှတ်၍ဖြည့်ကျင့်ခြင်းသည် "မူလပါရမီ" ဖြစ်သည်။

No comments:

Post a Comment