Wednesday, October 3, 2012

ဘုရားဖြစ်စဉ်


 

ဒီနေ့တော့ အများသိသင့်တဲ့ ဘာသာရေးအကြောင်းလေးတခုကို တင်ပြပေးချင်ပါသေးတယ်။ ကျွန်တော်ကိုယ်တိုင်ရေးထားတာ မဟုတ်ပါဘူး။ သူငယ်ချင်းများနေ့ ဆိုဒ်မှ ကျွန်တော်တွေ့တာနဲ့ ခွင့်တောင်းပြီး ပြန်လည်ဖော်ပြပေးထားတာပါ။ ကျွန်တော် သိမ်းထားတာတော့ အတော်လေးကြာပါပြီ။ ဒီနေ့ ဗဟုသုတ အဖြစ်တင်ပေးလိုက်ပါတယ်။ အောက်မှာ ပါတာတွေက အကျဉ်းတွေပါ။ ဘာလို့ အကျဉ်းလို့ ပြောလည်းဆိုရင် အဘိညာဏ်ရ ဒေဝီလရှင်ရက သိဒ္ဓတ္ထမင်းသားငယ်ကို မြင်တဲ့ အချိန်မှာ ငိုချင်း ရယ်ချင်း နှစ်မျိုးကို ပြုပါတယ်။ ဒီလိုအပိုင်းတွေမပါပါဘူး။ ဒီထက် အကျယ်ရှင်းထားတာရှိပါတယ်။ အဆင်ပြေရင် အကျယ်ကို တင်ပေးနိုင်အောင် ကြိုးစားပေးပါဦးမယ်။ ခုရက်ပိုင်းတွင်း စိတ်ညစ်တာတွေများနေတာနဲ့ စာမရေးဖြစ်ဘူး။ ဒါကြောင့် ကျွန်တော့  google Doc မှာ ရှိတဲ့ စာလေးတွေကို တင်ပေးလိုက်တာပါ။ ဒီပိုစ်မူရင်းရေးသားသူကိုတော့ သေချာ မသိပါ။ ဒါပေ့မယ်။ သူငယ်ချင်းများနေ့ ဆိုဒ်မှာတော့ ဖော်ပြပေးထားပါတယ်။ မူရင်းရေးသားသူကို အထူးပဲ့ ကျေးဇူးတင်ပါတယ်။ 

ဘဂ၀တော         ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရား
အရဟတော        ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
သမ္မာသမ္ဗုဒ္ဓဿ    သစ္စာလေးပါး အမှန်တရားကို ပိုင်းခြားထင်ထင် ကိုယ်တော်တိုင်သိမြင်တော်မူသော မြတ်စွာဘုရား.. အား
နမောတဿ         ရှီခိုးပါ၏

 
တရားအားထုတ်သူ နှင့် အားမထုတ်သူ ဘာကွာသလဲ ?

တရားအားထုတ်တက်သူဟာ ကြုံသမျှအာရုံတွေကို အခြေခံပြီး သတိ သမာဓိ ညဏ်ဖြစ်အောင် အမြတ်ထုတ်တယ်။
တရားအားမထုတ်တက်တဲ့သူကတော့ ကြုံလာတဲ့ အာရုံတွေကြောင့် လောဘ ဒေါသ မောဟ ဖြစ်ပြီး အရူံးပေါ်နေတယ်။
အရှင်တေဇနိယ (ရွှေဥမင်) ဆရာတော် ရေးသားသော စာအုပ်မှ ကျွန်တော် သို့ သန့်ဇင်ဌေး  နှစ်သက်သော စာသားလေးများကို ပြန်လည်ဖော်ပြပေးထားတာပါ။

စိတ်ပိုင်းဆိုင်ရာ စာသားအနည်းလေးကိုလည်း နှစ်သက်ရာ စာစုလေးနဲ့ ဖော်ပြပေးချင်ပါသေးတယ်။
ငါ့တန်ဖိုး အထားဆုံး အရာဟာ ငါ့စိတ်ပဲ့ငါ့စိတ်ကို ယုတ်နိမ့်သွားစေမယ့် အတွေးတွေ သဘောထားတွေကို အမြစ်တွယ်ခွင့်မပေးဘူး။ မကောင်းတဲ့ အတွေးတွေ သဘောထားတွေကို သိ . သိပြီးပယ်မယ်လို့ ဆုံးဖြတ်ပြီး အလေ့အကျင့်လုပ်ရင် တနေ့တခြား စိတ်ထားမြင်မားတဲ့ သူဖြစ်လာမယ်။ ဒီတစ်ခုကို ထိထိရောက်ရောက်လုပ်လိုက်ရင် ကိုယ်ဘ၀တစ်ခုလုံး အရည်အသွေးတိုးတက်လာမယ်။ ဘ၀ရဲ့ အရည်အသွေးဟာ စိတ်ရဲ့ အရည်အသွေးပေါ်မှာ မူတည်တယ်။
ဆရာတော် ဦးဇောတိက (တွေးမိတိုင်းပျော်တယ်) စာအုပ်မှ. ကျွန်တော် သန့်ဇင်ဌေး နှစ်သက်သော စာသားလေးများကို ကြားညှပ် ပြီးထည့်ပေးလိုက်တာပါ။

No comments:

Post a Comment