Saturday, September 28, 2013

သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ပြုပြင်နည်း


သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ပြုပြင်နည်း
သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ် ငါးမျိုးနဲ့ ပြုပြင်ယူလို့ရပါတယ်။ တိုက်တွန်းစကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ငါးမျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ နင်နေ ငါသွား ဖြစ်သွားပါလိမ့်မယ်။
အဲဒီကုသိုလ် ငါးမျိးကတော့
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ တို့ဖြစ်ပါတယ်။
ကုသိုလ် ငါးမျိုးကို ဘယ်လိုပြုရမလဲ ဆိုရင် ……..
ဒါန။     ။ ပထမဆုံးကုသိုလ်က ဒါနပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်တစ်သောင်းပြုပေးနိုင်မှ၊ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါနမဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ဘုရားကို ရေချမ်းကပ်လိုက်မယ် ဆိုလည်း ဒါနဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မဲ့ ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီ အိမ်ရှေ့က စာလေးတွေ ခိုလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်ဆုတ်လောက်နဲ့တော့ မိသားစုထမင်းဝိုင်းကို သိပ်ပြီးတော့ မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ်စာလောက် စာကလေးတွေကို ကျွေးနေမယ်ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။
သီလ။  ။ ဒုတိယက သီလပါ။ သီလမှာလည်း လောကီထဲမှာ ပါနေတဲ့ လူတစ်ယောက်အတွက် ငါးပါသီလကို လုံခြုံအောင် စောင့်ထိန်းနိုင်တယ် ဆိုရင်ပဲ တော်တော်လုံလောက်နေပါပြီ။ တစ်ဆင်တတ်ပြီး ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ ကိုးပါးသီလ စောင့်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပေါ။ ကိုယ့်ကို သူ့သတ္တိ အားလျှော်စွာ ပြန်စောင့်ရှောက်ပါလိမ့်မယ်။
ဂုဏ်တော်။      ။ တတိယက ဂုဏ်တော်ပါ  ဂုဏ်တော်တွေကတော့ ဘုရားဂုတ်တော် တရားဂုတ်တော် သံဃဂုဏ်တော် ဆိုပြီး ဂုဏ်တော်တွေရှိပါတယ် အဲဒီထဲက မိမိကြိုက်နစ်သက်တဲ့ ဂုဏ်တော် တစ်ခုခုကို ပွားလို့ရပါတယ်။ ဥပမာ ဘုရားဂုဏ်တော်ထဲက အရဟံဂုဏ်တော်ကို ပွားမယ်ဆိုပါတော့ အဲဒီ အရဟံ ဂုဏ်တော်ကိုပဲ……
အရဟံ ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား။
အရဟံ ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား။
အရဟံ ဆိတ်ကွယ်ရာ အရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား။ လို့ ပွားများရပါတယ်။
အရဟံဆိုတဲ့ ပါဠိလေးရယ် အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိ အနက်လေးတွေပါ။ ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျှော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။
မေတ္တာ။ ။ စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်တွေ ရှိပါတယ်။ မေတ္တာပွားတဲ့နေရာမှာ အဓိက အကြံပေးချင်တာက ပထမဆုံး ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ ကိုယ့်စောင့်နတ် အိမ်စောင့်နတ် ကစပြီး လမ်း မြို့နယ် မြို့ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်မြတ် နတ်ကောင်းတွေအားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ။ အစစအရာရာ အဆင်ပြေပါစေ စသည်ဖြင့်ပေါ့။
ဝိပဿနာ။       ။ နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာကတော့ ကိုယ်အားထုတ်ဖူးရာ ကိုယ်သိရာ နားလည်းရာ ကိုယ့်အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။ မည်သည့်တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင် ဘယ်လက်ပေါ် ညာလက်ထပ်တင် ခါး လည်ပင်း ဦးခေါင်းကို မတ်မတ်ထား အသက်ကို ပုံမှန်ရှုလျှက် ၀က်လေ၀င်လာလျှင် ၀င်လာသည်။ ထွက်လေ ထွက်သွားလျှင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှားသီးဝသို့သား စူးစိုက်ရောက်ရှိစေရန်။ ပဏာပလေ့ကျင့်ကြလျှက် ၇ ရက်စခန် ၁၀ ရက်စခန်းစသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ တိုး၍ ကြီုးစားကြသင့်ပေသည်။
ကိုသိုလ် ငါးမျိုးတစ်နေ့တာ ကဲစာဖတ်သူတို့ စိတ်ကူးနဲ့ပဲ ကုသိုလ်ငါးမျိုးကို စမ်းကြည့်ကြရအောင်ပါ။
၁။ အိပ်ရာထ။ မနက်အိပ်ရာထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှမလုပ်နဲ့အုံး။ ဘုရားခန်းကို အရင်သွားပါ။ ဘုရားသောက်တော်ရေကပ်ပါ (ဒါန) ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ) အဲဒါပြီးရင် ဂုဏ်တော်ကို ငါးမိနစ် (ဂုဏ်တော်) မေတ္တာကို ငါးမီးနစ် ပွားပါ (မေတ္တာ) ပြီးရင် ၀ိပဿနာ ငါးမိနစ် ပွားများပါ(၀ိပဿနာ) အင်မတန်းနည်းတဲ့ ၁၅မီးနစ် အချိန်လောက်တော လူတိုင်လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ငါးမီးနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါတရားအလိုက် ဆယ်မီနစ်စီ နာရီဝက်စီ တနာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု။ နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ငါးမျိုးနဲ့ စလိုက်တာ ဘယ်လောက်ကျက်သရေရှိသွားလဲ အိပ်ရာထပြီး နာရီဝက် တစ်နာရီအတွင်းမှာပဲ ကုသိုလ်ငါးမျိုး ရနေပါပြီ အဲဒီကုသိုလ်ငါးမျိုးပြီမှ မိသားစုကိစ္စ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။
နေ့လည်။        ။ အဲဒီလိုနဲ့ မနက်စာ စားပြီးတဲ့အခါ ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်ငါးမျိုးကိုလည်း အမျှပေးဝေပါတယ်။ အမျှ အမျှ ယူတော်မူကြပါ သာဓု သာဓု သာဓုဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။
ညပိုင်း။ ။ တတ်နိုင်တယ် အချိန်ရတယ် သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီယားလေး မလာခင် ဒါမှမဟုတ် ကိုရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျီုးကို မနက်ကအတိုင်း တစ်ကြိမ်ထပ်လုပ်လိုက်ပါဦး။
နေစဉ်ပြုအပ်သည် ဒီအတိုင်သာ နေ့စဉ်ပြုသွားစမ်းပါ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။ ဒါပေမယ့် ဒီနေ့လုပ် နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးကိုတော့ ဘယ်ဖြစ်နိုင်မှာလဲ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပြတ်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်အားကကြီးလွန်းနေရင်တော့ ချက်ချင်းကြီး ရနိုင်မှာ မဟုတ်ဘူး။ ဒါပေမယ့် ကုသိုလ်အင်အား ကောင်းလားတာနဲပအမျှ ကုသိုလ်အင်အားကို ကြည့်ြ့ပီး လန့်ပြေးသွားမှာပါ။
ဒါက ကံဆိုးနေတဲ့သူတွေကို ပြောတာပါ။ ကံကောင်းနေတဲ့သူတွေ အတွက်လည်း အမြဲတန်း ကံကောင်းနေအောင် ကုသိုလ်ငါးမျိုးနဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။ ဒီကုသိုလ်ငါးမျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀ တတိယဘ၀ စသည်တွေမှာလဲ ဆက်ပြီး ကံကောင်းနေကြအုံးမှာပါ။
ဒုက္ခကြုံရင် သစ္စာဆို
ဒီကုသိုလ်ငါးမျိုးကို ကံကောင်းခြင်း ကံဆိုခြင်းကြောင့်မဟုတ်ပဲ နေ့စဉ်ဝတ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒိလို ပြုနေစဉ် အတွင်းမှာပဲ ဘ၀အခက်အခဲတခုကြုံလာမယ် ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်ငါးမျိုးကို နေ့စဉ်အမျှပေးဝေနေတဲ့ နတ်ကောင်း နတ်မြတ်တွေကို တိုင်တည်ပြီး သစ္စာဆိုလို့လဲ ရပါတယ်။
အကျွနိုပ်သည် ကုသိုလ်ငါးမျိုးကို နေ့စဉ်ပြုပြိး နတ်ကောင်းနတ်မြတ်များကိုလဲ နေ့စဉ်အမျှပေးဝေခဲ့ပါတယ် ဤသစ္စာစကားမှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက်ပါစေသတည်း နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ စသည်ဖြင့် ပေါ့လေ။
သံသရာကပင် ကျွတ်နိုင်ရဲ
ကုသိုလ်ငါးမျိုးထဲက ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင်း ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ် မှသည် လေးမဂ် လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီ သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။
ကိုသိုလ်ငါးမျိုးကို ဘယ်အဆင့်ထိပြုရမလဲဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တနေ့တာအတွက် ကုသိုလ်ငါးမျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျှော်တဲ့အဆင့် ချက်ချင်ထလုပ်လိုက်မှ အိပ်ပျှော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ်
ကဲ ကံနဲပတ်သတ်လို့ သေချင်လောက်အောင် ဆိုးနေပါစေ ကုသိုလ်ငါးမျိုးနဲသာ နေ့စသ် ပြုပြင်လိုက်စ်းပါ မကြာခင် ကံကောင်းလာပါလိမ့်မည်။

                                                                                         ရဝေနွယ်

No comments:

Post a Comment